

လီဗာပူးအသင်းဟာ ဂရာဗင်ဘက်ချ်ကို ကလပ်မှာ ဆက်ထိန်းထားမှာဖြစ်ကာ လာမယ့် စျေးကွက် ၂ ခုအတွင်း အပြောင်းအရွှေ့ ကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားပေးမှာ မဟုတ်ပါဘူး။
ဒီရာသီမှာ နည်းပြဆလော့ရဲ့ နံပါတ် ၆ နေရာအတွက် ဇူဘီမန်ဒီကို ခေါ်ယူရေး မအောင်မြင်မှုကတစ်ဆင့် ပုံမှန်ပွဲကစားခွင့်ရလာတဲ့ ဂရာဗင်ဘက်ချ်ဟာ လက်ရှိ ဥရောပရဲ့ အကောင်းဆုံး ကွင်းလယ်လူထဲက တစ်ဦးအဖြစ် ထွန်းတောက်လာနေတာပါ။
ဒါကြောင့်ပဲ ရီးရဲလ်မက်ဒရစ်က ၎င်းတို့အသင်း ကွင်းလယ်ပိုင်းအတွက် ဂရာဗင်ဘက်ချ်ကို စိတ်ဝင်စားမှု ပြသနေပါတယ်။ ဒါ့အပြင် လီဗာပူး ကာလရှည် စိတ်ဝင်စားခဲ့တဲ့ ချူအာမီနီကို အလိုက်ပေးမှုဖြင့် ဂရာဗင်ဘက်ချ်ကို ပြန်ခေါ်ဖို့ ရီးရဲလ်ဘက်က ချိတ်ဆက်နိုင်ကြောင်း သတင်းမျိုးတွေလည်း ထွက်ပေါ်လာနေတယ်။
လီဗာပူးအသင်းဟာ နံပါတ် ၆ သမားအသစ် တစ်ဦးကို ထပ်မံ အားဖြည့်လိုပေမယ့် ဂရာဗင်ဘက်ချ်ကို ရှင်းထုတ်ဖို့ ဆန္ဒမရှိပါဘူး။
အပြောင်းအရွှေ့ သတင်းအတွက် စကိုင်းစပေါ့ရဲ့ ဂျာမာန်သတင်းထောက် Florian Plettenberg ကပဲ ” ရိုင်ယန် ဂရာဗင်ဘက်ချ်က လီဗာပူးကနေ ထွက်ခွာဖို့ စဉ်းစားနေခြင်း မရှိပါဘူး။
အသက် ၂၂ နှစ်အရွယ် ကစားသမားက လီဗာပူးရဲ့ ဦးဆောင် ကစားသမားတွေထဲက တစ်ဦးအဖြစ် ထူးချွန် ခြေစွမ်းတွေ ပြသနေသူပါ။ လက်တလောမှာတော့ ဆောင်းရာသီ စျေးကွက်မှာဖြစ်စေ နွေစျေးကွက်မှာဖြစ်စေ အပြောင်းအရွှေ့အတွက် လက်ခံစဉ်းစားပေးမယ့် အစီအစဉ် မရှိပါဘူး။
လီဗာပူးအသင်းဘက်ကလည်း ဂရာဗင်ဘက်ချ်နဲ့ ချူအာမီနီ တိုက်ရိုက် အလဲအထပ် လုပ်ဖို့ရာ စိတ်ဝင်စားနေခြင်း မရှိပါဘူး ” လို့ ဖော်ပြသွားပါတယ်။