

လီဗာပူးအသင်းဟာ ဆောက်သမ်တန်ကို အဝေးကွင်း သွားရောက် ယှဉ်ပြိုင်ရာမှာ ဒါဝင်၊ ဟာဗေးတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၂-၁ ဖြင့် အနိုင်ရခဲ့ကာ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်ထံ တက်ရောက်သွားပါတယ်။
ဒီပွဲမှာ ဗဟိုခံစစ်မှူးအဖြစ် ပွဲထွက်ခဲ့တဲ့ အန်ဒိုဟာ အသင်းပရိသတ်တွေ ရွေးချယ်တဲ့ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကို ရသွားပါတယ်။
လီဗာပူးအသင်းဟာ ကာရာဘောင်းဖလား လက်ရှိ ချန်ပီယံဖြစ်သလို ဆုဖလားတိုင်းကို ယှဉ်ပြိုင်လိုစိတ် ရှိပါတယ်လို့ ပွဲထွက်လူစာရင်း အပြောင်းအလဲ ၈ ခု လုပ်ခဲ့တဲ့ နည်းပြဆလော့က ပြောပါတယ်။
ဒဏ်ရာကနေ ပြန်သက်သာလာတဲ့ ကိုစတက်ဟာ ဆောက်သမ်တန်ပွဲမှာ လူစားဝင် ကစားသမားအဖြစ် ပြန်ပါလာပါတယ်။
ဆီမီးဖိုင်နယ်အဆင့်ကို လီဗာပူး၊ အာဆင်နယ်၊ နယူးကာဆယ်တို့ တက်ရောက်လာပြီဖြစ်ကာ နောက်ဆုံးအတွဲကတော့ ယူနိုက်တက် vs စပါး အတွဲကနေ အနိုင်ရလာမယ့် အသင်းပဲဖြစ်ပါတယ်။
စိန့်ကို အနိုင်ရခဲ့တာကြောင့် လီဗာပူးအသင်းဟာ ပြိုင်ပွဲစုံ ပွဲ ၂၀ ထိကို ရှုံးပွဲ မရှိထားပါဘူး။ ဒါဟာ ၁၉၉၆ ခုနှစ် မတ်လနောက်ပိုင်း အကောင်းဆုံးသော စံချိန်ဖြစ်လာပါတယ်။
မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်း နဗီးကတော့ အမှတ်ပေးဇယားကို ၆ မှတ် ဖြတ်ထားပေမယ့် လီဗာပူးတို့ ချန်ပီယံမဖြစ်ပဲ အာဆင်နယ်ပဲ ချန်ပီယံဖြစ်လာမယ်လို့ ဟောကိန်းထုတ်ပါတယ်။
၆ လလောက် ဘောလုံးမကစားခဲ့တဲ့ ခီယေဆာရဲ့ ပထမဆုံး ပြန်ကစားတဲ့ပွဲ ခြေစွမ်းအပေါ် အကောင်းမြင်ပါတယ်လို့ နည်းပြဆလော့က ပြောပါတယ်။
မိုဆာလာဟာ လီဗာပူးအသင်းမှာ ၂ နှစ်စာချုပ်ဖြင့် ဆက်နေမယ် သတင်းကြီးနေပါတယ်။ အကယ်လို့ သူ ဆက်နေခဲ့မယ်ဆိုရင် နောက်နှစ် ခရစ္စမတ်ကာလ လီဗာပူးပွဲတွေကို အာဖရိကပွဲတွေကြောင့် လွဲချော်မှာဖြစ်ပါတယ်။
ချန်ပီယံရှစ်ကလပ် လိဒ်ယူနိုက်တက်ဟာ ဂိုးသမား ကလယ်ဟာကို ၂၀၂၅ ခုနှစ်ထဲ ခေါ်ယူနိုင်ဖို့ ကြိုးစားသွားမှာပါ။ လီဗာပူးဘက်ကတော့ ကလယ်ဟာအတွက် ပေါင် သန်း ၃၀ ဝန်းကျင် ရလိုနေတာ ဖြစ်ပါတယ်။