

စပါးပွဲကြို အသင်းလိုက် လေ့ကျင့်ရေးမှာ ခီယေဆာနဲ့ မော်တန်တို့ မပါလာခဲ့ပါဘူး။ လီဗာပူးဘက်ကတော့ ဒဏ်ရာ ပြဿနာ ရှိထားတဲ့ သူတို့ကို အခြားသူတွေထက် recovery ၁ ရက် ပိုပေးထားတာမျိုး ဖြစ်ပါတယ်။
လီဗာပူးကို ရင်ဆိုင်ကစားမယ့်ပွဲမှာ စပါးကစားသမား ၈ ဦးလောက် မပါနိုင်တာမျိုး ရှိပေမယ့် ဒဏ်ရာရထားတဲ့အထဲက ၂ ဦး ပြန်ပါလာနိုင်မယ်လို့ လန်ဒန်သတင်းတွေက ဖော်ပြပါတယ်။
နွေစျေးကွက်တုန်းက ပေါင် သန်း ၆၀ ထိ စျေးပေါက်ခဲ့တဲ့ ကွမ်းဆက်ဟာ ပွဲထွက်ခွင့်က ဖယ်ရှားခံရချိန်ကစလို့ ခြေစွမ်း အတော်လေး ကျဆင်းသွားပြီး လက်ရှိ လီဗာပူးမှာ အန်ဒိုကိုတောင် ကျော်နိုင်ဖို့ မလွယ်ကူတော့ဘူးလို့ မှတ်ချက်ပေးခံနေရပါတယ်။
စပါးတိုက်စစ်မှူး ဆိုလန်ကီက သူ လီဗာပူးကို ပြောင်းခဲ့ချိန်ဟာ ငယ်ရွယ်လွန်းခဲ့တယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။
ချယ်ဆီးအကယ်ဒမီကနေ လီဗာပူးကို ရောက်လာခဲ့တဲ့ ဆိုလန်ကီဟာ ဆာ၊ ဖာ၊ မာ တိုက်စစ်ကြောင့် နေရာမရခဲ့ဘဲ ၁၈ လ အကြာမှာ ဘုန်းမောက်ကို ပြောင်းရွှေ့ခဲ့ကာ နောက်ပိုင်းမှာ စပါးအသင်းထံ ရောက်ရှိခဲ့ပါတယ်။
ဇန်နဝါရီမှာ ဘယ်အစွန်လူ နေရာကို သေချာပေါက် အားဖြည့်ဖို့ လိုအပ်မယ်လို့ ကာရေဂါက နောက်ထပ် တစ်ကြိမ် သတိပေးလာပါတယ်။
ကာရာဘောင်းဖလား ၂ ကျော့ဟာ လီဗာပူးကို ပွဲကြပ်စေမှာ မဟုတ်ဘဲ အန်ဒို ဦးဆောင်လာမယ့် လူငယ်ကစားသမားတွေနဲ့ ခီယေဆာတို့ကို ပွဲကစားချိန်တွေ ဖန်တီးပေးနိုင်မယ့် အခွင့်အရေးအဖြစ် လီဗာပူးအသိုင်းအဝိုင်းက ရှုမြင်နေကြပါတယ်။
ကွင်းလယ်လူ ဇူဘီမန်ဒီကတော့ အကောင်းဆုံးဖြစ်မှာကို ရွေးချယ်တဲ့အနေနဲ့ ဆိုစီဒက်မှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ကြောင်း ပြောပါတယ်။ သူ တကယ်ကောင်းရင် နောက်ထပ် အခွင့်အရေးတွေ ရလာဦးမှာပါလို့လည်း ဆိုသွားပါတယ်။
လီဗာပူးအသင်း စိတ်ဝင်စားမှု ပြသထားဖူးတဲ့ အတ္တလန်တာ ကွင်းလယ်လူ အီဒါဆန်ဟာ ဇန်နဝါရီမှာ အသင်းပြောင်းမှာ မဟုတ်ပါဘူး။
မန်စီးတီးရဲ့ဟာ ဇန်နဝါရီ အပြောင်းအရွှေ့ကနေ ဇူဘီမန်ဒီကို ခေါ်ယူနိုင်ဖွယ် မရှိဘူးလို့ မန်ချက်စတာ ဒေသခံ သတင်းထောက်တွေ ရေးသားလာပါတယ်။