

လီဗာပူးအသင်းဟာ ခရစ္စမတ်ကာလမှာတော့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ဦးဆောင်သူ (သို့) ခရစ္စမတ် ချန်ပီယံတွေအဖြစ် ဖြတ်သန်းမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ပိတ်ရက်က ချယ်ဆီးတို့ အဲဗာတန်ကို သရေကျပြီး လီဗာပူးက စပါးကို ၆-၃ ဖြင့် အနိုင်ရခဲ့ကတည်းက အာနယ် ဆလော့တို့ အသင်းဟာ ခရစ္စမတ်ချန်ပီယံ ဖြစ်လာခဲ့တာပါ။
ခရစ္စမတ်ကာလမှာ ပရီးမီးယားလိဂ်ကို ဦးဆောင်နိုင်ခြင်းဟာ ဘယ်လို စိတ်လှုပ်ရှားစရာတွေ ရှိတတ်သလဲ? ရာသီကုန်မှာ ချန်ပီယံဖြစ်လာလေ့ရှိသလား?
အင်္ဂလန်မှာတော့ ခရစ္စမတ်ချန်ပီယံဆိုတဲ့ စကားလုံးကို ဘောလုံးရာသီဝက်မှာ သုံးနှုန်းလေ့ရှိပါတယ်။ ဘာလို့လဲဆိုတော့ ဒီကာလမှာ ချန်ပီယံဖြစ်တဲ့ အသင်းတွေဟာ ရာသီကုန်ရင် ချန်ပီယံဖြစ်တာမျိုး အရမ်းများပြားလို့ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ဘောလုံးရာသီ ၃၂ ခုရှိတဲ့ထဲက ခရစ္စမတ်ချန်ပီယံတွေဟာ ရာသီကုန်ရင် ချန်ပီယံဖြစ်တာ ၁၆ ကြိမ်ထိ ရှိဖူးပါတယ်။
ဒါပေမယ့် လီဗာပူးအသင်းကတော့ ချွင်းချက်ဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် သမိုင်းမှာ ခရစ္စမတ်ချန်ပီယံ ၇ ကြိမ်ဖြစ်ဖူးပြီး ယာဂင်ကလော့ပ် လက်ထက် ၂၀၁၉-၂၀၂၀ ဘောလုံးရာသီ ရာသီအကုန်မှာ ချန်ပီယံဖြစ်ခဲ့တဲ့ ၁ ကြိမ်ကလွဲရင် ကျန်တဲ့ ဘယ်အကြိမ်ကမှ ချန်ပီယံ မဖြစ်ခဲ့ပါဘူး။
ခရစ္စမတ်အကျော်မှာ ပြိုင်ပွဲစုံတွေဟာ ပိုမို ပြင်းထန်လာခြင်းကြောင့် ဒဏ်ရာ ပြဿနာတွေ ရှိလာတတ်ပြီး အသင်းတွေဟာ တည်ငြိမ်တဲ့ ရလဒ်တွေ ရဖို့ ရုန်းကန်လာရတတ်ပါတယ်။ ဒါ့အပြင် အသင်းတွေ အရှိန်ရလာခြင်းကြောင့် ပွဲတွေက ပိုမို ပြင်းထန်လာတတ်ပါတယ်။
အသင်းရဲ့ မှတ်တမ်းဆိုးကို သူ့လက်ထက်မှာ အာနယ် ဆလော့ ချေဖျက်ပြနိုင်မလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။