စာချုပ်ကိစ္စ သတင်းများ၊ ဂက်ပိုရဲ့ ခရစ္စမတ်ဆုတောင်း၊ အလန်ရှီးယားရဲ့ မှန်းဆမှု၊ ကာ့ဇ်ကို ယူနိုက်တက်က ပိုစိတ်ဝင်စားနေခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

ခရစ္စမတ်ချန်ပီယံအဖြစ်ကနေ ရာသီကုန် ဖလားရမလား မေးခွန်းတွေကို ပရီးမီးယားလိဂ်ဖလား အောင်မြင်ရေးက လွယ်လွန်းနေမယ်ဆိုရင် အသင်းတိုင်း ဖလားစိန်ခေါ်နေတော့မှာပေါ့လို့ ဆလော့က ရှောင်လွဲဖြေဆိုပါတယ်။

ပရီးမီးယားလိဂ်ဖလားနဲ့ ပက်သတ်လို့ မေးခံရချိန်မှာ ဗန်ဒိုက်က အသင်းဟာ ရမှတ် အနည်းငယ်နဲ့အတူ ၂ ကြိမ်တိုင် ချန်ပီယံလွဲဖူးတာမို့ ချန်ပီယံကိစ္စ ပြောဖို့ရာ ငြင်းဆန်ပါတယ်။

သူ့ရဲ့ ခရစ္စမတ်ဆုတောင်းကတော့ နောက်ရာသီမှာလည်း မိုဆာလာ လီဗာပူးမှာ ဆက်ရှိနေဖို့ပါလို့ ဂက်ပိုက ပြောပါတယ်။

လီဗာပူးအသင်းမှာ ချန်ပီယံဖြစ်မယ့် အလားအလာတွေ အများကြီး မြင်နေရပါတယ်လို့ အလန်ရှီးယားက မှတ်ချက်ပေးလာပါတယ်။

လီဗာပူးဘက်က ထရန့်ကို စာချုပ် အဆိုပြုချက်အသစ် ပေးပို့ထားပြီဖြစ်ကာ ဒီတစ်ကြိမ် ပေးပို့မှုက အတော်လေး ကောင်းမွန်တာကြောင့် နှစ်ဘက် ဆက်လက် စကားပြောမှု ပြုလုပ်နေပါတယ်။ ဗန်ဒိုက်နဲ့ ဆာလာကိုလည်း သက်တမ်းတိုးနိုင်မယ်လို့ သတင်းထွက်နေဆဲပါ။

လီဗာပူးအသင်းဟာ ခံစစ်မှူး ကိုနတေးကို ကာလရှည် သက်တမ်းတိုးနိုင်ဖို့ အတော်လေးကို နီးစပ်နေပြီဖြစ်ပါတယ်။

ဆော်ဒီမှာ ဖာမင်နိုရဲ့ အသင်းနဲ့ ဖာဘင်ညိုရဲ့ အသင်းတို့ ရင်ဆိုင်အတွေ့မှာ သူငယ်ချင်း ဖာမင်နိုထံကနေ ဘောလုံး ဝင်ဟန့်တားမှုတွေ လုပ်ရခြင်းအတွက် ဖာဘင်ညို အရမ်း ပျော်နေတဲ့ ဗီဒီယိုက လူမှုကွန်ယက်မှာ ရေပန်းစားနေပါတယ်။

ဘုန်းမောက်အသင်း ဘယ်အစွန်လူ ကာ့ဇ်ကို ခေါ်ယူရေးမှာ လီဗာပူးထက် မန်ချက်စတာ ယူနိုက်တက်က ပိုမို အားထည့်လာနေပါတယ်။

အဖွန်ဆို ဒေးဗစ်ကို ချိတ်ဆက်မယ့် ပရီးမီးယားလိဂ်ကလပ်တွေ ရှိနေတယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ဆက်လက် ထွက်ပေါ်နေပြီး လီဗာပူး ပါဝင်မယ်လို့ ယုံကြည်ရပါတယ်။

ဇန်နဝါရီမှာ ပီအက်စ်ဂျီ တိုက်စစ်မှူး မူနီယာကို လီဗာပူးက အငှားခေါ်ယူသွားမယ်လို့ ပြင်သစ်သတင်းဌာနတွေက​ ရေးနေပါတယ်။