

လက်စတာကို အိမ်ကွင်းမှာ ၃-၁ ဖြင့် အနိုင်ရတဲ့နောက် လီဗာပူးအသင်းဟာ ဒုတိယနေရာက အသင်းကို ၇ မှတ်ထိ ဖြတ်ထားနိုင်ပြီဖြစ်ပါတယ်။
အဲဗာတန်အသင်းကြောင့် အာဆင်နယ်၊ ချယ်ဆီး၊ မန်စီးတီးတို့ ဆက်တိုက် ရမှတ် ဆုံးရှုံးနေခြင်းကို လီဗာပူးပရိသတ်တွေ အံ့ဩနေကြပါတယ်။ ဒါဘီပြိုင်ဘက်ကြောင့် လီဗာပူးက အမှတ်တွေဖြတ်ထားနိုင်တာပါ။
ဒီရာသီ ပရီးမီးယားလိဂ်ဖလား အောင်မြင်လိုတယ်လို့ မိုဆာလာက စိန်ခေါ်လိုက်ပါပြီ။ သူကပဲ အသင်းကလည်း ဒီဖလားကို ရချင်နေတယ်လို့ ပြောလာခဲ့ပါတယ်။ စာချုပ်ကိစ္စက မိုရဲ့ ဖလားအောင်မြင်လိုစိတ်ကို ရပ်တန့်စေမှာ မဟုတ်ပါဘူး။
ပရီးမီးယားလိဂ်ကို အကောင်းဆုံး အသင်းတွေကပဲ အနိုင်ရလေ့ရှိပြီး လက်ရှိ အကောင်းဆုံး အသင်းက လီဗာပူးပဲဖြစ်တယ်လို့ ဝေဖန်သူ အများအပြားက ထောက်ပြလာပါတယ်။
ဘောက်ဆင်ဒေးမှာ ကစားတဲ့ ပွဲကို အနိုင်ရတဲ့ ကြီး ၆ ကြီးထဲက (အာဆင်နယ်မပါသေး) တစ်သင်းတည်းသော ကလပ်ဖြစ်လာတဲ့နောက် လီဗာပူးအသင်းရဲ့ ပရီးမီးယားလိဂ်ဖလား အောင်မြင်နိုင်ကြောင်း ရေပန်းစားမှုဟာ အမြင့်ဆုံးကို ထိုးတက်သွားပြီဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ပွဲ ၁၀၀ ပြည့်သွားတဲ့နောက် ကာတစ်ဂျုံးက နည်းပြဟောင်း ယာဂင်ကလော့ပ်ကို ကျေးဇူးတင်စကား ပြောဆိုပါတယ်။ ဂျာမာန်သား ပေးခဲ့တဲ့ ယုံကြည်မှုကြောင့် လီဗာပူးအသင်းမှာ နေရာရခဲ့တာပါလို့ ဆိုသွားတာပါ။
အခုချိန်မှာ ဇယားထိပ်မှာ ရှိနေပေမယ့် လွန်ခဲ့တဲ့ ၂ လကဆိုရင် လီဗာပူးက မန်စီးတီးနောက်မှာ ၁ မှတ်အကွာကနေ ရှိနေတာလို့ အာနယ် ဆလော့က သတိပေးပါတယ်။ ဒဏ်ရာနဲ့ အခြေအနေ အမျိုးမျိုးဟာ ရမှတ် ကွာဟမှုတွေကို ပြန်ကျဉ်းစေနိုင်တာမို့ ပျော်နေလို့ မရဘူးလို့ သူက ဆက်ပြောပါတယ်။
ဆာလာ၊ ထရန့်နဲ့ ဗန်ဒိုက်တို့ရဲ့ စာချုပ်ကိစ္စကို အများရှေ့မှာ ဘယ်တော့မှ ထုတ်ပြောမှာ မဟုတ်ဘဲ ဒီကိစ္စကို ကိုင်တွယ်နေတဲ့ ရစ်ချက်ဟုချ်ပါလို့ အာနယ် ဆလော့က ဆိုပါတယ်။
ဘယ်အစွန်လူ ရော်ဘတ်ဆန်က ပွဲတိုင်းမှာ အသင်းဟာ နည်းစနစ်ပိုင်း ချိန်းနေခဲ့ပြီး အာနယ် ဆလော့ရဲ့ နည်းစနစ်ပိုင်နိုင်မှုဟာ အံ့မခန်းပါပဲလို့ ထုတ်ပြောပါတယ်။
လက်စတာနည်းပြ နစ္စတယ်ရွိုင်းက သူတို့ ရမှတ်တွေ လိုနေပေမယ့် အန်ဖီးမှာတော့ ဘယ်လိုလုပ် ရမှတ် ယူနိုင်မှာလဲလို့ တုန့်ပြန်သွားပါတယ်။