

လီဗာပူးအသင်းဟာ လက်စတာကို နိုင်ပြီးတဲ့နောက် ဒုတိယ နေရာမှာ ချယ်ဆီးထက် တစ်ပွဲလျော့ ကစားကာ အမှတ်ပေးဇယားကို ၇ မှတ်ဖြတ် ဦးဆောင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ဦးဆောင်ဂိုး ပေးခဲ့ရပေမယ့် နောက်ကနေ ပြန်လိုက်ကစားနိုင်ခဲ့ကာ ကားတစ်ဂျုံးစ်ရဲ့ သွင်းဂိုး အပြီး ‘Liverpool, Liverpool, top of the league… Liverpool, top of the league’ လို့ ပရိသတ်တွေ သံပြိုင် ဟစ်ကြွေးခဲ့ကြပါတယ်။
ဆာလာရဲ့ သွင်းဂိုးထပ်ရတဲ့နောက် ထို chants အသံတွေက ပိုမို ကျယ်လောင်ခဲ့ပါတယ်။ ပွဲအပြီး ဆာလာက ” ဒီတခေါက် ခံစားမှုကတော့ မတူပါဘူး။ ဒါပေမယ့် အရေး အကြီးဆုံးက ကျွန်တော်တို့ နှိမ့်ချပြီး အေးဆေးနေဖို့ပဲ။
ဒီည နိုင်ပွဲက စပါယ်ရှယ် ဖြစ်ခဲ့တယ်။ ဒီကလပ် အသင်း အတွက် ဒီရာသီ ပရီးမီးယားလိဂ် အနိုင်ရမယ် လို့ မျှော်လင့်ပါတယ်။ ဒါကပဲ ကျွန်တော် စိတ်ကူး အိပ်မက် ဖြစ်တယ်။
အရေး အကြီးဆုံးက အသင်း နိုင်နေဖို့၊ အဲဒီနောက်မှာ ပရီးမီးယားလိဂ် အနိုင်ရဖို့ပဲ။
ဒီည ပွဲက ကောင်းတယ်။ ဒါပေမယ့် ကျွန်တော်တို့ တစ်ပွဲချင်းစီ အာရုံစိုက် ကစားသွားရမယ်။ ဒီပုံစံ အတိုင်းပဲ ရှေ့ဆက်နိုင်ဖို့ မျှော်လင့်ပါတယ်။ ” လို့ ပြောဆိုသွားခဲ့ပါတယ်။
လီဗာပူးအသင်းဟာ အခုချိန်မှာတော့ အမှတ်ပေးဇယား ဒုတိယနေရာက ချယ်ဆီးကို ၇ မှတ်ထိ ဖြတ်ထားနိုင်တာပဲ ဖြစ်ပါတယ်။