

အန်ဖီးကွင်းမှာ လီဗာပူးကို ဦးဆောင်ဂိုး ရယူနိုင်ပေမယ့် ပွဲအပြီး အရှုံးပေးခဲ့ရတဲ့နောက် ဒီကွင်းဟာ ရမှတ်ယူဖို့ လွယ်ကူတဲ့ ကွင်းတစ်ကွင်း မဟုတ်ဘူးလို့ လက်စတာနည်းပြ နစ္စတယ်ရွိုင်းက ပြောပါတယ်။
နယ်သာလန်သား နည်းပြ ၂ ဦး ထိပ်တိုက်တွေ့တဲ့ပွဲဖြစ်ခဲ့ပြီး ပြင်းထန်တဲ့ ယုံကြည်မှုတွေ ပိုင်ဆိုင်ထားတဲ့ လီဗာပူးက ထိုက်တန်တဲ့ နိုင်ပွဲကို ရယူသွားခဲ့တာပါ။
ဒီပွဲမှာ အာနယ် ဆလော့ရဲ့ လူထုတ်ပုံ၊ လူစားလဲမှုတွေ ချီးကျူးခံရသလို ကွင်းထဲ ဝင်လာတဲ့ ကစားသမားတိုင်းက တူညီတဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ကာ ပြိုင်ဘက်ထက် ပိုကောင်းလိုစိတ် ပြင်းထန်ခဲ့ပါတယ်။
ပွဲအပြီးမှာ လက်စတာနည်းပြက ” လီဗာပူးကို ဘယ်လိုကစားမယ်ဆိုတဲ့ ပွဲပလန်ရှိခဲ့ပါတယ်။ ကစားသမားတွေကလည်း သူတို့ လုပ်ရမယ့် အတိုင်းပဲ လုပ်ခဲ့ကြတာပါ။ ကျနော်တို့ ဒီမှာ ကစားဖို့ အခွင့်အရေးရှိပေမယ့် အန်ဖီးဆိုတာက ရမှတ်တွေကို ယူနိုင်မယ့် နေရာမျိုး မဟုတ်ပါဘူး။ ” လို့ ပြောပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ်ဖလားကို လီဗာပူးတို့ အနိုင်ရမယ့် အခွင့်အရေးအတွက် မေးခွန်းထုတ်ခံရချိန်မှာ ယူနိုက်တက် ကစားသမားဟောင်းဖြစ်တဲ့ နစ္စတယ်ရွိုင်းကပဲ
” ပရီးမီးယားလိဂ်မှာက ဘာဖြစ်လာမယ်ဆိုတာ ဘယ်တော့မှ ကြိုမသိနိုင်ပါဘူး။ အရင်ကလည်း ဒီလိဂ်မှာ မထင်ထားတာတွေ ဖြစ်ခဲ့ဖူးပါတယ်။
ဒါပေမယ့် လက်တလောမှာ လီဗာပူးက အရမ်းကို တည်ငြိမ်နေတယ်။ သူတို့ရဲ့ အားကောင်းတဲ့ လူစာရင်း အရဆိုရင် ပရီးမီးယားလိဂ်ဖလား အောင်မြင်ဖို့ အခွင့်အရေး သိပ်ကောင်းပါတယ် ” လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။