ဇန်နဝါရီမှာ လီဗာပူးအသင်း ဘယ်နေရာကို အင်အားဖြည့်ဖို့ ရည်မှန်းထားသလဲ

မေးခွန်းက ကောင်းပေမယ့် အဖြေကတော့ မကောင်းပါဘူး။ ဇန်နဝါရီမှာ လီဗာပူးအသင်း ဘယ်နေရာကို အင်အားဖြည့်ဖို့ ရည်မှန်းထားသလဲ? ဆိုတဲ့အတွက် The Athletic ကနေ သတင်းထောက် James Pearce က အခုလို ဖြေထားပါတယ်။

လီဗာပူးအသင်းဟာ ဇန်နဝါရီမှာ လူစာရင်း တစ်နေရာကို အင်အားဖြည့်မယ်ဆိုပြီး အထူး ရွေးချယ်ထားတာမျိုး မရှိပါဘူး။ မှန်ကန်တဲ့ ကစားသမားကို စျေးကွက်ထဲမှာ သင့်လျော်တဲ့ ပြောင်းရွှေ့ကြေးနဲ့ ရနိုင်မယ်ဆိုရင် ခေါ်ယူမှာပါ။

အတိတ်ကလည်း လီဗာပူးအသင်းက သတင်းကြီးတွေ မထွက်ပါဘဲ ဒီယက်ဇ်နဲ့ ဂက်ပိုတို့ကို ဆောင်းရာသီ စျေးကွက်တွေမှာ ခေါ်ယူခဲ့ဖူးပါတယ်။

စိတ်ဝင်စားစရာ တစ်ချက်က နံပါတ် ၆ နေရာအတွက်ဖြစ်ပြီး လီဗာပူးအသင်းဟာ ဇူဘီမန်ဒီကို ခေါ်ယူလိုခဲ့ပေမယ့် မရတဲ့နောက် ဂရာဗင်ဘက်ချ်ကို အဆိုပါ နေရာမှာ သုံးစွဲရာကနေ အဆင်ပြေသွားခဲ့ပါတယ်။

အသက် ၂၂ နှစ်အရွယ် ကွင်းလယ်လူနေရာ နောက်ထပ် အစားထိုးကစားသမား တစ်ဦး ထပ်ရဖို့ လီဗာပူးဘက်က အလိုရှိပါတယ်။ အာနယ် ဆလော့ရဲ့ စတိုင်မှာ အန်ဒို အံဝင်ခြင်း မရှိဘူးလို့လည်း တွက်ဆထားပါတယ်။

ဇန်နဝါရီမှာ ကစားသမား ရောင်းချမှုတော့ လုံးဝ လုပ်မှာ မဟုတ်ဘဲ အန်ဒိုကို အသင်းမှာ ဆက်ထိန်းမှာဖြစ်သလို တေလာ မော်တန်ကိုလည်း အငှားချသွားဖို့ မရှိပါဘူး။ အသက် ၂၂ နှစ်အရွယ် မော်တန်အတွက် ပေါင် သန်း ၂၀ ရမယ်ဆိုရင်တော့ လီဗာပူးဘက်က လက်ခံ စဉ်းစားဖွယ် ရှိပါတယ်။

မိုဆာလာ၊ ဗန်ဒိုက်နဲ့ ထရန့်တို့ရဲ့ အခြေအနေပေါ် မူတည်ပြီး ၂၀၂၅ နွေမှာ လီဗာပူးရဲ့ အပြောင်းအရွှေ့ လှုပ်ရှားမှုတွေကို မြင်တွေ့ရဖို့ ရှိနေတယ်။ လီဗာပူးဘက်ကတော့ ကွင်းလယ်၊ ဘယ်အစွန်နဲ့ ဗဟိုခံစစ်နေရာတွေကို အင်အားဖြည့်ရေး ရည်မှန်းထားပါတယ်။