

လီဗာပူးအသင်းဟာ ညာအစွန်လူ ထရန့်ကို အသင်းမှာ ဆက်ထိန်းထားနိုင်ရေး အဓိကကျတဲ့ အခိုက်အတန့်ကို ရောက်လာနေခဲ့ပြီဖြစ်ပါတယ်။
ဒီဇင်ဘာလ ၂၇ ရက်နေ့မှာတော့ The Times သတင်းဌာနက တစ်ဆင့်ပဲ နာမည်ကြီး လီဗာပူးသတင်းထောက်ဖြစ်တဲ့ Paul Joyce က
” ထရန့် အကြောင်း သတင်းတွေ ဟိုဟိုဒီဒီ ထွက်နေပေမယ့် တကယ်တမ်း မာကာမှာ ရေးနေတဲ့ သတင်းတွေက ရီးရဲလ်အတွက် သိပ် သတင်းကောင်းတော့ မရှိပါဘူး။
သတင်းကောင်းမရှိပေမယ့် နောက်ရာသီမှာ အင်္ဂလန်အသင်းဖော် ဂျူဒ့် ဘယ်လင်ဟမ်နဲ့အတူ လာလီဂါအသင်းမှာ ထရန့် ရှိနေမယ်ဆိုတဲ့ သတင်းကိုပဲ သူတို့ကတော့ ထပ်ဖန်တလဲလဲ ရေးသားနေပါတယ်။ ” လို့ ဖော်ပြခဲ့တာပါ။
ဒီကနေ့မှာတော့ စပိန်သတင်းဌာန မာကာဘက်ကပဲ ထရန့်ဟာ လီဗာပူးရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ငြင်းဆန်ကား ရီးရဲလ်မက်ဒရစ်ကို ပြောင်းမယ့်အကြောင်း အသိပေးခဲ့တယ်လို့ တုန့်ပြန် ဖော်ပြခဲ့တယ်။
မာကာနဲ့ Relevo ရဲ့ ဖော်ပြချက်မှာဆိုရင် ထရန့်ဟာ ခံစားချက်တွေပါဝင်မယ့် စစ်မှန်တဲ့ နှုတ်ဆက်မှုဖြင့် လီဗာပူးကလပ်နဲ့ လီဗာပူးပရိသတ်တွေကို အကောင်းဆုံး နှုတ်ဆက်ဖို့တောင် ပြင်ဆင်နေပြီလို့ ပါဝင်ခဲ့တာပါ။
များစွာသော လီဗာပူးပရိသတ်တွေကတော့ အသင်းနဲ့ ထရန့်ကို ဆက်ယုံကြည်ပေးလိုက်ကြဖို့ နှိုးဆော်မှုတွေရှိနေတယ်။ ထရန့် ကိုယ်တိုင်က နှုတ်ဖြင့် ပြောလာခြင်း မတိုင်ခင်မှာ နိုင်ငံခြားသတင်းဌာနရဲ့ ဖော်ပြချက်တွေကို ယုံကြည်ပြီး ကစားသမားကို ထိခိုက်စေမယ့် တုန့်ပြန်မှုတွေ မလုပ်ဖို့လည်း တိုက်တွန်းနေကြတာ ဖြစ်ပါတယ်။