ဆာလာရဲ့ ကမ္ဘာ့အဆင့်ခြေစွမ်းကြောင့် ဝက်စ်ဟမ်းတို့ ချန်ပီယံရှစ်အဆင့် ရောက်ခဲ့ရတဲ့ လန်ဒန်က ဂိုးပြတ် နိုင်ပွဲ

လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၁၈ အဖြစ် ဝက်စ်ဟမ်းအသင်းကို အဝေးကွင်းမှာ ၅-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ယူခဲ့ပါတယ်။

ဒီနေ့ပွဲမှာ တိုက်စစ်မှူးနေရာ ဒီယက်ဇ် ပွဲထွက်ခဲ့ပြီး အဝါကတ်ကြောင့် ပွဲပယ်ခံထားရတဲ့ ဆိုဘိုနေရာ ကာတစ်ဂျုံးပါဝင်ကစားခဲ့ပါတယ်။ ညာအစွန်မှာ အပြောင်းအရွှေ့ သတင်းကြီးနေတဲ့ ထရန့်လည်း ပွဲချိန်ပြည့် ပါဝင်ကစားခဲ့တယ်။

အဝေးကွင်းပွဲဖြစ်ခဲ့ပေမယ့် လီဗာပူးထံက ဒီရာသီ အကောင်းဆုံး စွမ်းဆောင်ရည်တွေထဲက တစ်ပွဲကို မြင်ခဲ့ရပြီး အထူးသဖြင့် ပွဲထွက် တိုက်စစ်သမား ၃ ယောက်ထံက ပြီးပြည့်စုံလုနီးပါး တွဲဘက်မှုဟာ ဖျော်ဖြေမှု ပေးနိုင်ခဲ့ပါတယ်။

ပွဲအစောပိုင်းမှာ တိုက်စစ်သမား ၃ ဦး အခွင့်အရေးကောင်းတွေကို အရယူဖို့ရာ နားလည်မှု လိုအပ်နေတာကလွဲလို့ တစ်ဦးချင်းကော အသင်းလိုက်ပါ ဖိအားပေးမှု၊ လှည့်ကစားနိုင်မှုတွေဖြင့် အပြစ်ပြောစရာ မရှိတဲ့ ပွဲစဉ်တစ်ခုဖြစ်ခဲ့ပါတယ်။

ဘယ်ခြမ်းက ဂက်ပိုနဲ့ အထောင်နေရာက ဒီယက်ဇ်တို့ဟာ ခြေစွမ်းဟာ ယခင်ပွဲတွေမှာဆိုရင် ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆု ရလောက်တဲ့ထိ ထူးချွန်ခဲ့ပေမယ့် ဒီနေ့ပွဲမှာတော့ ဆာလာရဲ့ ကမ္ဘာ့အဆင့် ခြေစွမ်းက အသင်းဖော် ၂ ဦးထက်ကို သိသိသာသာ သာလွန်ခဲ့ပါတယ်။

မိုဆာလာရဲ့ ခြေစွမ်းဟာ လက်ရှိ ဘောလုံးကမ္ဘာအတွင်း သူ့အထက်က တစ်ယောက်မှ မရှိတော့တဲ့ စွမ်းဆောင်ရည်မျိုးဖြစ်ပြီး ပရီးမီးယားလိဂ်သမိုင်းမှာ အကောင်းဆုံးဆိုတဲ့ ကစားသမားတစ်ဦးကို ကျနော်တို့ မျက်မြင်ကိုယ်တွေ့ အားပေးခွင့်ရနေတာဖြစ်ပါတယ်။

ဆာလာ အစွမ်းကုန် မှော်ဝင်နိုင်ဖို့ ညာခြမ်းကနေ ထရန့်ရဲ့ ပံ့ပိုးမှုကလည်း အခရာကျခဲ့တယ်။ ဒီနေ့ပွဲမှာ တိုက်စစ်က ပွဲထွက်သူ အားလုံး ဂိုးရခဲ့သလို ဗန်ဒိုက်ကတောင် တိုက်စစ်လိုက်ပြီး ဂိုးရလုဖြစ်ခဲ့ပါသေးတယ်။ အသင်းဟာ clean sheet ရလိုစိတ်ကြောင့် မဟုတ်ရင် ဂိုးလည်း ပိုရခဲ့နိုင်ပါတယ်။

ဝက်စ်ဟမ်းအသင်းကို ချန်ပီယံရှစ်အဆင့် အသင်းသာသာဖြစ်တဲ့ထိ လီဗာပူးက လွှမ်းမိုးချယ်လှယ်ပြခဲ့တဲ့ ဒီနိုင်ပွဲကြောင့်ပဲ ဒုတိယနေရာက ဖောရက်စ်ကို ၈ မှတ်ဖြတ်လိုက်နိုင်ပြီ ဖြစ်ပါတယ်။