

၂၀၂၅ ခုနှစ် ဆောင်းရာသီးစျေးကွက် တရားဝင် ဖွင့်လှစ်ပြီဖြစ်ပါတယ်။ ကလပ်တွေ အပြောင်းအရွှေ့ကိစ္စ စတင်လို့ရပါပြီ။
ထရန့်၊ ဆာလာ၊ ဗန်ဒိုက်တို့ဟာ ဒီကနေ့ကစပြီး စာချုပ်သစ်တွေအတွက် အင်္ဂလန်ပြင်ပ ကလပ်တွေထံက ကမ်းလှမ်းမှုကို တရားဝင် နားထောင်ခွင့်ရှိပြီဖြစ်ပါတယ်။
လီဗာပူးပရိသတ်တွေ လူပျောက်ရှာနေကြပါတယ်။ လီဗာပူးအသင်းရဲ့ အားကစားဒါရိုက်တာ ရာထူးကို တာဝန်ယူထားတဲ့ ရစ်ချက်ဟုချ် ဘယ်ရောက်နေလဲ ရှာနေကြတာပါ။
ရီးရဲလ်မက်ဒရစ်ဟာ ဇန်နဝါရီမှာတင် ထရန့်ကို ခေါ်ယူနိုင်ရေး ယူရို သန်း ၂၀ ဖြင့် ကမ်းလှမ်းလိုနေပါတယ်။
ဇန်နဝါရီမှာ ထရန့်အတွက် အပြီးသတ်စာချုပ်ဖြင့် ကမ်းလှမ်းမှုတွေကို လီဗာပူးဘက်က လုံးဝ နားထောင်ပေးမှာ မဟုတ်ကြောင်း paul joyce က ဖော်ပြလာပါတယ်။ ရီးရဲလ်ဘက်က ချဉ်းကပ်မှုကိုလည်း ပယ်ချသွားခဲ့ပါတယ်။
၂၀၂၅ ခုနှစ်ထဲမှာ လီဗာပူးအသင်းအတွက် အရေးအကြီးဆုံးက ကစားသမားတွေ စာချုပ်ထပ် ပရီးမီးယားလိဂ်ဖလား လက်ဝယ်အောင်မြင်ရေးပဲလို့ ကာရေဂါက ဆိုပါတယ်။
လီဗာပူးအသင်းဘက်က ဗန်ဒိုက်နဲ့ မိုဆာလာတို့ကို ၂ နှစ် စာချုပ်တွေ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။
ထရန့် ထွက်ခွာသွားနိုင်ခြင်းအပေါ် အာဆင်နယ်ပရိသတ်တွေက မင်းတို့အကယ်ဒမီထွက် ကစားသမားတောင် မင်းတို့ မထိန်းထားနိုင်ဘူးလို့ ဟားတိုက်နေကြပြီး လီဗာပူးပရိသတ်တွေကလည်း အွန်နရီလို မင်းတို့ကလပ်ရဲ့ ဂန္တဝင်ဆိုသူကတောင် ချန်ပီယံလိဂ်ရချင်လို့ မင်းတို့အသင်းက ခွာသွားခဲ့တာလို့ တုန့်ပြန်ပါတယ်။
လီဗာပူးပွဲကြိုမှာပဲ ယူနိုက်တက်ဟာ တန်းဆင်းဇုန်တိုက်ပွဲထဲ ပါဝင်ရနိုင်ကြောင်း အမ်မိုရင်းက ထုတ်ပြောသွားပါတယ်။
ခံစစ်အတွက် အဲဗာတန်ကနေ ဘရိတ်ဝိတ်ကို ခေါ်ယူလိုပေမယ့် ဒီအပြောင်းအရွှေ့ဟာ ရှုပ်ထွေးလွန်းတာကြောင့် လီဗာပူးဘက်က ကြိုးစားပါ့မလား သံသယရှိနေကြပါတယ်။