

ဒီရာသီ ချန်ပီယံလိဂ်ထက် ပရီးမီးယားလိဂ်ကို ပိုလိုချင်ပါတယ်လို့ မိုဆာလာက ထုတ်ပြောသွားပါတယ်။ ဒီစကားက ရာသီကုန်ထိတော့ အသင်းမှာ သူဆက်ရှိနေဖို့ သေချာတယ်လို့ ဆိုလိုလိုက်တာဖြစ်ပါတယ်။
နည်းပြအာနယ် ဆလော့နဲ့ အလုပ်လုပ်ရတာ အရမ်းကို အဆင်ပြေတယ်လို့ ဆာလာက ဆိုပါတယ်။ ဆလော့ရဲ့ နည်းစနစ်ပိုင်း အသေးစိတ်ကျမှုအပြင် အမှားလုပ်မိရင်လည်း ပွင့်ပွင့်လင်းလင်း တောင်းပန်မှုတွေကို ဆာလာက အသိအမှတ်ပြုနေပါတယ်။
အီတလီကလပ်တွေဘက်က ခီယေဆာကို အငှားခေါ်ယူလိုပေမယ့် လီဗာပူးအသင်းဟာ အီတလီသားကို ဆက်ထိန်းထားဖို့ ရည်ရွယ်ထားသလို ဒါဝင်ကိုလည်း အငှားချမှာ မဟုတ်ဘဲ အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ကစားသမား ၆ ဦးထိ ဆက်ရှိနေစေမှာပါ။
လီဗာပူးဘက်က ဒုတိယမြောက် ကမ်းလှမ်းမှုကိုပါ ငြင်းဆန်တဲ့နောက် မကြာခင်မှာ ရီးရဲလ်မက်ဒရစ်ဟာ ကစားသမားနဲ့ တိုက်ရိုက် ချိတ်ဆက်တော့မှာ ဖြစ်ပါတယ်။
မကြာခင်မှာပဲ ထရန့်က သူရဲ့ အနာဂတ်အတွက် ဆုံးဖြတ်ချက်ကို အတည်ပြုပေးတော့မှာပါ။ လီဗာပူးမှာ ဆက်နေမလား၊ ရီးရဲလ်ကို ပြောင်းသွားမလား အသင်းတာဝန်ရှိသူတွေကို အကြောင်းကြားမှာဖြစ်ပါတယ်။
နွေတုန်းက အသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့တဲ့ ဇူဘီမန်ဒီကို ဇန်နဝါရီမှာ ပြန်လိုက်ဖို့ လီဗာပူးဘက်က ကြိုးစားသွားမှာ မဟုတ်ဘူးလို့ စကိုင်းစပေါ့က ဆိုပါတယ်။
ဒီဇင်ဘာလအတွက် ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံးကစားသမားဆု ဆန်ကာတင်မှာ ထရန့်နဲ့ ဆာလာတို့ ပါဝင်ခဲ့ပြီး နည်းပြဆုအတွက် အာနယ် ဆလော့က ပါဝင်သွားပါတယ်။
ဘယ်အစွန်အတွက် လီဗာပူး သဘောကျနေတဲ့ အဖွန်ဆိုဒေးဗစ်က ဘိုင်ယန်မြူးနစ်နဲ့ သက်တမ်းတိုးဖို့ကိုပဲ ရွေးချယ်ဖွယ် ရှိနေပါတယ်။
ဆောက်သမ်တန်အသင်းမှ ဆယ်ကျော်သက် ကွင်းလယ်လူ Tyler Dibling ကို လီဗာပူးဘက်က စိတ်ဝင်စားနေပါတယ်။
အန်ဖီးကပွဲကို ကွင်းလယ်ဒိုင်အဖြစ် အိုလီဗာ ကိုင်တွယ်မှာကို ယူနိုက်တက်ပရိသတ်တွေ ဒေါသထွက်နေပါတယ်။ အကြောင်းကတော့ မနှစ်က ဒါလော့ ထုတ်ပယ်ခံရခြင်း အပါအဝင် အိုလီဗာ ကိုင်တွယ်တဲ့ ပွဲတွေမှာ သူတို့ ရလဒ်မကောင်းတတ်လို့ပါတဲ့။
အာတီတာက လီဗာပူးအနေနဲ့ ဒုတိယရာသီဝက်မှာ ပုံစံကောင်းတွေကို ဆက်ထိန်းနိုင်ဖို့ လွယ်မှာ မဟုတ်ကြောင်းနဲ့ မထိန်းနိုင်ခဲ့ရင် ဖလားစိန်ခေါ်မှုမှာ အာဆင်နယ်က အဆင်သင့်ရှိနေကြောင်း ပြောဆိုပါတယ်။