

နည်းပြအာနယ် ဆလော့က မန်ချက်စတာ ယူနိုက်တက်ပွဲကြိုမှာ အကောင်းမြင်စရာ သတင်းအဖြစ် ကိုနတေးနဲ့ ဘရတ်ဒလေတို့ရဲ့ အခြေအနေကို ထုတ်ပြောလာပါတယ်။
နည်းပြကတော့ “ ကော်နာနဲ့ အီဘူးတို့ ဒီနေ့မှာပဲ ကျနော်တို့နဲ့အတူ ပထမဆုံးအကြိမ် လေ့ကျင့်ရေး ပြန်ဝင်ကြပြီဖြစ်ပါတယ်။ သူတို့ အခြေအနေ ဘယ်လိုရှိနေမလဲ အတိအကျ သိရဖို့ကို စိတ်ဝင်စားနေမိပါတယ်။
အသင်းလူစာရင်းထဲ ပြန်ပါလာနိုင်ရေး သူတို့တွေ အတော်လေး ကြိုးစားခဲ့တာပါ။ နောက်ထပ် ခြေလှမ်းကတော့ လေ့ကျင့်ရေးတွေကို သူတို့ရဲ့ ကိုင်တွယ်နိုင်စွမ်းကို ကြည့်ရမှာပါ။ ဒါကြောင့်ပဲ ဒီနေ့ သူတို့တွေ အသင်းနဲ့အတူ လေ့ကျင့်ရေး ဝင်ခဲ့ကြတာ ဖြစ်ပါတယ် ” လို့ ထုတ်ဖော်သွားခဲ့ပါတယ်။
ဘရတ်ဒလေ (တံကောက်ကြော) နဲ့ ကိုနတေး (ဒူး) တို့ဟာ မက်ဒရစ်ကို အနိုင်ရတဲ့ပွဲမှာ ပြိုင်ဘက်ကစားသမားတွေနဲ့ ထိတွေ့မှုဖြစ်ခဲ့တဲ့နောက် ၆ ပတ်ဝန်းကျင် အနားယူနေခဲ့ရတာပါ။ သူတို့ ရာနှုန်းပြည့် ပြန်သက်သာလာဖို့တော့ အချိန် အနည်းငယ် စောင့်ရနိုင်ပါတယ်။
သတင်းဆိုးကတော့ ဂိုးမက်စ် ဒဏ်ရာကြောင့် သီတင်းပတ် အနည်းငယ် အနားယူရမှာဖြစ်ကာ လီဗာပူးခံစစ်က လူစာရင်း အားပျော့စပြုလာနေပါတယ်။
“ ဂျိုးက ဒဏ်ရာကြောင့် အခြေအနေ သိပ်ကြီးကောင်းမနေပါဘူး။ သူ သီတင်းပတ် အနည်းငယ် အနားယူရမှာဖြစ်ပါတယ် ” လို့ အာနယ် ဆလော့က အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ လီဗာပူးခံစစ်မှာ ဗန်ဒိုက်နဲ့ ကွမ်းဆက်တို့ နှစ်ဦးပဲ အမာခံ ရှိနေတော့မှာဖြစ်ကာ လူငယ်ခံစစ်မှူး နယ်လိုကို စီနီယာလူစာရင်းထဲ ထည့်လာမလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။