ဗန်ဒုတ်အတွက် သန်း ၃၀၊ ပီတာလူဂါ အပြောင်းအရွှေ့ စကားပြောနေခြင်း၊ နောက်ဆုံးနှစ်ပါပဲဆိုတဲ့ ဆာလာနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

ဘောလုံးမှာက နောက် ၆ လ ဆိုရင် ဘာဖြစ်လာမယ်ဆိုတာမျိုး ပြောနိုင်ဖို့ သိပ်ခက်ခဲပြီး ယူနိုက်တက်ပွဲမှာ ထရန့် ပွဲထွက်ခွင့်ရမှာပါလို့ အာနယ် ဆလော့က ပြောပါတယ်။

စကိုင်းစပေါ့နဲ့ အင်တာဗျူးမှာ မိုဆာလာက ဒီနှစ်ဟာ သူ့ရဲ့ လီဗာပူးကစားသမားဘဝ နောက်ဆုံးနှစ်ပါပဲလို့ ထပ်မံ ထုတ်ဖော်ပါတယ်။

အရင်တစ်ကြိမ် ပရီးမီးယားလိဂ်ဖလား အောင်မြင်ခဲ့တုန်းက ပရိသတ်တွေနဲ့အတူ ပျော်ရွှင်စွာ အောင်ပွဲခံခွင့်မရခဲ့လို့ ဒီနှစ်မှာ ချန်ပီယံလိဂ်ထက် ပရီးမီးယားလိဂ်ကို ပိုကြိုးစားမယ်လို့ ဆာလာက ပြောပါတယ်။

ထရန့် နွေမှာ လီဗာပူးကနေ ထွက်သွားနိုင်ချေ ရှိနေတယ်လို့ ဗြိတိန်ရဲ့ နာမည်ကြီး သတင်းထောက် David Ornstein က ပြောလာပါပြီ။ သေချာတာကတော့ ဇန်နဝါရီမှာ ထွက်မှာ မဟုတ်ပါဘူးလို့ သူက ဆိုပါတယ်။

လူငယ် ဂိုးသမား ပီတာလူးဂါဟာ ဘရာဇီးကလပ် ဖလူးမီနက်စ်အသင်းကို အပြီးသတ် ပြောင်းဖို့ စကားပြောနေပါတယ်။

သောကြာနေ့ လေ့ကျင့်ရေးမှာ ဘရတ်ဒလေကော အီဘူးပါ ပါဝင်သွားပါတယ်။ သူတို့ ယူနိုက်တက်ပွဲ ပွဲနေ့လူစာရင်းထဲ ပါဝင်နိုင်မလားကတော့ လေ့ကျင့်ရေး နောက်ဆက်တွဲ စစ်ဆေးမှုရလဒ်ထွက်မှ သိရပါလိမ့်မယ်။

ပဲလေစ့်ဘက်က ဗန်ဒုတ်အတွက် ပေါင် ၁၅ သန်း၊ အစ်ဝစ်ချ်အသင်းဘက်က ပေါင် ၁၆ သန်းတွေဖြင့် ကမ်းလှမ်းပေမယ့် လီဗာပူးဘက်က ပယ်ချလိုက်ပါတယ်။ နှစ်သင်းလုံး ဒုတိယမြောက် ကမ်းလှမ်းမှု ထပ်လာဖွယ် ရှိနေဆဲပါ။

ပဲလေစ့်ကလည်း ခေါ်ယူလိုနေတဲ့ လူငယ် တောင်ပံသမား ဗန်ဒုတ်အတွက် လီဗာပူးဘက်က ပေါင် သန်း ၃၀ စျေးသတ်မှတ်ထားပါတယ်။

ဆာလာ၊ ဗန်ဒိုက်နဲ့ လီဗာပူးအသင်းကြား စာချုပ်သစ်ကိစ္စ သဘောတူညီမှု မရသေးခြင်းမှာ စာချုပ်သက်တမ်းက အဓိကကျလာဖွယ် ရှိနေပါတယ်။ လီဗာပူးအသင်းဘက်က ၂ နှစ်သက်တမ်းတိုးစာချုပ်ပဲ ကမ်းလှမ်းထားတာပါ။

၂၀၂၄ ခုနှစ်မှာ အာဆင်နယ်ဟာ အင်္ဂလန်ရဲ့အကောင်းဆုံးအသင်းဖြစ်ပြီး စံချိန်တွေကို ချိုးခဲ့ပေမယ့် ဆုဖလား မရခဲ့ဘူးလို့ အာတီတာက ပြောပါတယ်။