ဗန်ဒုတ်အတွက် ကမ်းလှမ်းမှုကို ပယ်ချပြီး ရောင်းစျေး သတ်မှတ်ပေးလိုက်တဲ့ လီဗာပူး

လီဗာပူးအသင်းဟာ ဗန်ဒုတ်အတွက် ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ ပဲလေစ့်နဲ့ အစ်ဝစ်ချ်တို့ရဲ့ ကမ်းလှမ်းမှုကို ပယ်ချလိုက်ပြီဖြစ်ပါတယ်။

အသက် ၁၉ နှစ်အရွယ် တောင်ပံသမားကို အလျင်စလို ရောင်းထုတ်မှာ မဟုတ်တဲ့ လီဗာပူးအသင်းက ပထမအကြိမ် ကမ်းလှမ်းမှုတွေကို ငြင်းဆန်လိုက်ပေမယ့် ကြိုက်စျေးရရင် ရောင်းပေးမယ်လို့ စျေးခေါ်လိုက်ပါတယ်။

ပဲလေစ့်က စတင် ကမ်းလှမ်းခဲ့တာဖြစ်ကာ ဇန်နဝါရီစျေးကွက်မှာတင် ပေါင် ၁၅ သန်းဖြင့် ရလိုနေတာပါ။ အစ်ဝစ်ချ်ဘက်ကလည်း ပေါင် ၁ သန်းပိုပေးပြီး ပေါင် ၁၆ သန်း တန်ကြေးရှိမယ့် စာချုပ်ကို ပေးပို့လာခဲ့ပါတယ်။

ဒီရာသီ ချန်ပီယံရှစ်ကလပ် ဘိုရိုအသင်းထံ အငှားချထားတဲ့ စကော့သားကို အနာဂတ်မှာ နည်းပြဆလော့ရဲ့ လူစာရင်းအတွင်း ပြန်ပေါင်းထည့်ဖို့ လီဗာပူးဘက်က စိတ်ကူးရှိထားတယ်။

ဘိုရိုမှာပဲ ရာသီကုန်ထိ ဆက်အငှားချထားလိုပေမယ့် ဒီဇန်နဝါရီမှာတင် တိုက်စစ်သမားကို ခေါ်ယူလိုရင် ပေါင် သန်း ၃၀ အနည်းဆုံး ပေးရမယ်လို့လည်း လီဗာပူးဘက်က လမ်းဖွင့်ပေးထားပါတယ်။

မကြာခင် ပဲလေစ့်ကော အစ်ဝစ်ချ်ဘက်ကပါ ဒုတိယအကြိမ် ကမ်းလှမ်းမှု ထပ်ပေးကြမယ်လို့ သိထားရပြီး လီဗာပူးရဲ့ တုန့်ပြန်မှုကို စောင့်ကြည့်ရမှာပါ။

လီဗာပူးအသင်းဟာ အသက် ၂၁ နှစ်အရွယ် လူငယ်ကွင်းလယ်လူ မော်တန်အတွက်လည်း လမ်းဖွင့်ပေးထားဆဲဖြစ်ပေမယ့် ပေါင် သန်း ၂၀ ထက် နည်းတဲ့ ကမ်းလှမ်းမှုတွေကို စဉ်းစားသွားမှာတော့ မဟုတ်ပါဘူး။