ထရန့်ကို ၁ ပတ် ပေါင် ၃ သိန်းဖြင့် ကမ်းလှမ်း၊ ပီတာလူးဂါ ထွက်ပြီ၊ ယူနိုက်တက်ပွဲ ရွှေ့ဆိုင်းနိုင်ဖွယ် ရှိနေသေးခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

မနက်ကပွဲမှာ အာဆင်နယ်ဟာ ဘရိုက်တန်ကို ၁-၁ သရေကစားပြီး လီဗာပူးနောက် ၅ မှတ်အကွာမှာ ဆက်ရှိနေပါတယ်။ လီဗာပူးအသင်းဟာ လက်ကျန်ပွဲ ၂ ပွဲ ကစားရဖို့ ရှိနေပါတယ်။

မာဆေးဆိုဒ်ဒေသမှာ နှင်းတွေ အရမ်းကျနေပြီး ဒီည လီဗာပူးနဲ့ ယူနိုက်တက်ပွဲကို ရွှေ့ဆိုင်းရနိုင်ပါတယ်။ အဝေးကွင်းအသင်းကတော့ ရာသီဥတုကြောင့် ဒီပွဲ ရွှေ့ဖို့ကို ပိုပြီး ပျော်ရွှင်နေတဲ့ အခြေအနေပါ။

၂၀၂၄ ခုနှစ်အတွင်း ၁ ပွဲပဲ ရှုံးခဲ့ဖူးတဲ့ အာနယ် ဆလော့ဟာ ဒီလိုမျိုး အမြဲဖြစ်နေမယ် အာမခံချက် မရှိဘဲ ၂၀၂၅ ခုနှစ်ရဲ့ ပထမဆုံးပွဲမှာတင် နိုင်ပွဲစရဖို့ ရည်မှန်းတယ်လို့ ပြောပါတယ်။

လီဗာပူးဘက်က ထရန့်ကို နောက်ဆုံး ကမ်းလှမ်းမှုအဖြစ် ၁ ပတ်ကို ပေါင် ၃ သိန်းပေးမယ့် ပေါင် ၇၈ သန်းတန် ၅ နှစ်စာချုပ် ကမ်းလှမ်းထားတယ်လို့ သတင်းထွက်နေပါတယ်။

ဂိုးသမား ပီတာလူးဂါဟာ ဘရာဇီးကလပ် ဖလူးမီနက်စ်အသင်းထံ အပြီးသတ် ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရခဲ့ပါပြီ။

ဆဲလ်ဘတ်မှာ အငှားသွားကစားနေတဲ့ ကွင်းလယ်လူ ဘာ့ဆဲတစ်ဂျ်ဟာ ဒီဆောင်းရာသီမှာတင် ဘက်တစ်ထံ အငှားဖြင့် ထပ်မံ ပြောင်းရွှေ့ဖွယ် ရှိနေပါတယ်။

လီဗာပူးကစားသမားဟောင်း စတီဗင်ဂျရတ်ကို ရီးရဲလ်မက်ဒရစ်က အရူးအမူး လိုချင်ခဲ့ပေမယ့် ဂျရတ် အသင်းမပြောင်းဘဲ လီဗာပူးမှာ ဆက်ရှိခဲ့ဖူးကြောင်း အာနယ် ဆလော့က ပြောပါတယ်။ ထရန့်လည်း ဒီလိုမျိုးဖြစ်လာနိုင်တာပဲလို့ နည်းပြက ဆိုပါတယ်။

လီဗာပူးအသင်းဟာ အာနယ် ဆလော့ကို အမ်မိုရင်း တစ်ဦးတည်းကို ကျော်ပြီး ဦးစားပေးခဲ့တာ မဟုတ်ပါဘူး။ အသင်းဟာ ဒီဇာဘီ၊ နာဂယ်စမန်း၊ လက်ရှိ ဘုန်းမောက်နည်းပြ Iraola နဲ့ အတ်ဒီဟောင်တို့ကို ကျော်ပြီး အာနယ် ဆလော့ကို ရွေးချယ်ခဲ့တာပါ။

ဒီနွေမှာ လီဗာပူးအသင်းက ကွင်းလယ်လူ အူဂါတီကို ကမ်းလှမ်းမှု လုပ်ခဲ့ပါသေးတယ်။ ဒါပေမယ့် နည်းပြဆလော့က ကစားကွက်ပိုင်း တည်ဆောက်ရေးမှာ ကူညီမယ့် နံပါတ် ၆ သမားကိုပဲ လိုချင်ပြီး အဖျက်အားသန် နံပါတ် ၆ သမားကို မလိုချင်တာကြောင့် အပြောင်းအရွှေ့ မဖြစ်ခဲ့တာပါ။

မိုက်ကယ်အိုဝင်ကို ” ခင်ဗျား ကိုယ့်ဘာသာ လီဗာပူးဂန္တဝင်တစ်ယောက်လို့ မြင်လား? ” ဆိုတဲ့ မေးခွန်းအတွက် မာဆေးဆိုဒ်သားကြီးက “မြင်ပါတယ်” လို့ အဖြေပြန်ပါတယ်။