

နာဘီကိတ်တာဟာ လီဗာပူးကစားသမားဘဝ ၅ ရာသီအတွင်းမှာ ဒဏ်ရာ ပြဿနာပေါင်း များစွာ ရင်ဆိုင်ခဲ့ရပြီး ၁၂၉ ပွဲ ကစားခဲ့ကာ ၈၄ ပွဲအတွက်ကိုတော့ ကြံ့ခိုင်မှုကြောင့် မကစားနိုင်ခဲ့ပါဘူး။
လီဗာပူး ကစားသမားဘဝ သူရခဲ့တဲ့ ကြံ့ခိုင်မှု ပြဿနာတွေထဲက တကယ်ကို မှတ်မှတ်ရရ ဖြစ်လောက်တဲ့ ကိစ္စတွေကို ဖော်ပြသွားပါမယ်။
၅) နာပိုလီနဲ့ပွဲမှာ ရတဲ့ နောက်ကျောဒဏ်ရကြောင့် ပွဲအစ ၁၅ မိနစ်မှာတင် ကိတ်တာကို ဆေးအဖွဲ့က ကားနဲ့လာခေါ်ထုတ်သွားခဲ့ရပါတယ်။ ဒီဒဏ်ရာဟာ လီဗာပူး ကစားသမားဘဝ သူရခဲ့တဲ့ ဒဏ်ရာ ၁၈ ကြိမ်အတွင်း ပထမဆုံးသော ဒဏ်ရာဖြစ်ပြီး ဘယ်တော့မှ မေ့မှာ မဟုတ်တော့ပါဘူး။
၄) ဖလားပွဲအတွင်း နော်ဝစ်ချ်ကို ရင်ဆိုင်ကစားရာမှာ မြေကြီးကို ခြေထောက်နဲ့ ကန်ခဲ့လို့ ကိတ်တာကို ကွင်းထဲကနေ ထုတ်ခဲ့ရပါတယ်။ တကယ်တမ်းမှာ များစွာသော ပရိသတ်တွေက နည်းစနစ်ပိုင်း အလှည့်အပြောင်း ဒါမှမဟုတ် ပွဲပန်းမှာဆိုးလို့ ကိတ်တာကို လူစားလဲတာလို့ ထင်ခဲ့ပေမယ့် ပွဲအပြီးမှ ကလော့ပ်ကပဲ ကိတ်တာ မြေကြီး ကန်မိတာလို့ ထုတ်ပြောခဲ့ပါတယ်။
၃) ကွင်းလယ်လူတွေ လုံးဝ မရှိချိန်မှ ဒဏ်ရာရသွားခြင်းကလည်း လုံးဝ မမေ့နိုင်စရာပါ။ လီဗာပူးကွင်းလယ်က သီယေဂို မပါနိုင်ဘူး၊ ဖာဘင်ညို မပါနိုင်ဘူး၊ ချိန်ဘာလိန် မပါနိုင်ဘူး၊ ကာတစ်ဂျုံး မပါနိုင်ဘူး။ ကိတ်တာ အပါအဝင်မှ ကွင်းလယ်လူ ၃ ဦးပဲ ကျန်တော့တဲ့ အချိန်မှာ ပွဲကြို လမ်းလျှောက်မှုအတွင်း ကိတ်တာ ဒဏ်ရာရသွားပြီး ၁၈ ပွဲလောက် လွဲပါတော့တယ်။ အဲ့ပွဲ လီဗာပူးလည်း ရှုံးပါတယ်။
၂) လေယာဉ် အဲကွန်းကြောင့် ကိတ်တာ ဒဏ်ရာရဖူးပါတယ်။ လီဗာပူးအသင်းရဲ့ လေကြောင်းခရီးမှာ ကိတ်တာရဲ့ လည်ပင်ပေါ် အဲကွန်းအအေး တိုက်ရိုက် ကျနေခဲ့တာကြောင့် သူဟာ အုံးလွဲခဲ့ပြီး ပွဲမကစားနိုင်တာ ဖြစ်ခဲ့ဖူးပါတယ်။
၁) ဖမ်းခံထားရလို့ မကစားနိုင်တာ။ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ လီဗာပူးရဲ့ ပထမဆုံး ၃ ပွဲမှာ ၂ ပွဲ ပွဲထွက်ခဲ့တဲ့ ကိတ်တာဟာ နိုင်ငံတကာ သီတင်းပတ်အတွင်း ဂူနီယာအတွက်လည်း ၂ ပွဲ ကစားခဲ့ပြီးမှ စစ်ပွဲကြောင့် ၂၄ နာရီ ဖမ်းခံခဲ့ရပြီး ကြံ့ခိုင်ပါရဲ့နဲ့ လိဒ်စ်နဲ့ပွဲကို မပါနိုင်ဘဲ အရန်ခုံ ထိုင်ရဖူးပါတယ်။