

စတီဗင်ဂျရတ်က သူ့အကြိုက်ဆုံး ကစားသမားဟာ ဆာလာဖြစ်သလို သားဖြစ်သူ လီယိုဟာဆိုရင် အဖေထက်ကို ဆာလာကို ပိုနှစ်သက်သူပါလို့ ထုတ်ပြောပါတယ်။
အင်္ဂလန်မီဒီယာတွေရဲ့ ထိုးနှက်မှုတွေကြောင့် ယူနိုက်တက်နဲ့ပွဲအပြီးမှာ ထရန့်ဟာ စပိန်ကိုပြောင်းဖို့ ပိုစိတ်ယိုင်သွားတယ်လို့ ဖော်ပြချက်တွေ ထွက်လာနေပါတယ်။
ဆာလာနဲ့ ထရန့်တို့ဟာ စာချုပ်သစ်ကိစ္စမှာ အသင်းကို ထိခိုက်မှု မရှိအောင် လူကြီးလူကောင်းဆန်ဆန် ကိုင်တွယ်နေတဲ့ အသင်းခေါင်းဆောင် ဗန်ဒိုက်ကို အတုယူသင့်တယ်လို့ ကာရေဂါက ထပ်မံ သတိပေးပါတယ်။
ကာရေဂါရဲ့ ပြောဆိုချက်ကို ဆာလာက “မင်းကြည့်ရတာ ငါ့ကို စွဲလမ်းနေပုံပဲ” လို့ ခနဲ့တဲ့ သဘောဖြင့် X မှာ တုန့်ပြန်ဖော်ပြခဲ့တယ်။ ကာရေဂါကလည်း “ဟုတ်တယ်လေ ငါ စွဲလမ်းနေတာပဲဟာ၊ ဖြစ်နိုင်ရင် ဒီစွဲလမ်းမှုကို နောက်ရာသီမှာလည်း ဆက်ရှိချင်သေးတယ် ” လို့ စာချုပ်သက်တမ်းတိုးဖို့ တုန့်ပြန်ပါတယ်။
ဗန်ဒိုက်ဟာ လီဗာပူးအသင်းနဲ့ သက်တမ်းတိုးနိုင်ဖို့ နီးစပ်နေပြီဖြစ်ကာ လက်မှတ်ထိုးရမယ့် စာရွက်စာတမ်း ကိစ္စတွေကို စတင် ပြင်ဆင်မှုတွေတောင် ရှိနေပါပြီ။
ဇူဘီမန်ဒီဘက်က အသင်းပြောင်းလိုကြောင်း အကြောင်းမှု မရှိပါဘဲ လီဗာပူးဘက်က တရားဝင် ကမ်းလှမ်းမှု ပြန်လုပ်သွားမှာ မဟုတ်ပါဘူး။ နွေတုန်းက အသင်းထံ ရောက်ဖို့ ဖြစ်ခဲ့ပြီးမှ ငြင်းဆန်သွားခြင်းကို လီဗာပူးတာဝန်ရှိသူတွေ စိတ်ရှုပ်ထွေးခဲ့ရပါတယ်။
ဆာလာရဲ့ စာချုပ်ကိစ္စမှာ နီးစပ်နေပြီဆိုတဲ့ သတင်းပေးကော၊ အဝေးကြီးလိုသေးတယ် ဆိုတဲ့ သတင်းပေးပါ ၂ မျိုးလုံး ရှိနေတယ်လို့ လီဗာပူးသတင်းထောက် Lewis Steele က ဆိုပါတယ်။
အီဘူးကို ယူနိုက်တက်ပွဲမှာ ထုတ်သုံးခဲ့ပေမယ့် စပါးနဲ့ လိဂ်ဖလားပွဲမှာတော့ နေရာပေးမှာ မဟုတ်ဘဲ အနားယူခိုင်းမယ်လို့ သိရပါတယ်။
ပဲလေစ့်ဟာ တိုက်စစ်မှူး ဗန်ဒုတ်အတွက် ဒုတိယမြောက် ကမ်းလှမ်းမှုအဖြစ် ပေါင် သန်း ၂၀ တန် စာချုပ်မျိုး ထပ်ပေးလာတော့မှာပါ။
ယူနိုက်တက်ပွဲအတွင်း အန်ဖီးကွင်းမှာ အသစ်တည်ဆောက်ထားတဲ့ ပွဲကြည့်စင် ၂ ခုလုံးကနေ မိုးရည် (နှင်းရည်) ယိုကျမှုဖြစ်ပွားခြင်းကို အသင်းဘက်က စတင် အဖြေရှာနေပါပြီ။
ဆဲလ်ဘတ်ကို အငှားထွက်နေတဲ့ ကွင်းလယ်လူ ဘာ့ဂျ်ဆဲတစ်ဟာ ဆဲလ်ဘတ်နဲ့ သက်ဆိုင်တဲ့ ပုံအားလုံးကို အင်စတာဂရမ်ကနေ ဖျက်လိုက်ပြီဖြစ်ပါတယ်။