

ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် အခြားအတွဲတစ်ခုဖြစ်တဲ့ အာဆင်နယ်နဲ့ နယူးကာဆယ်တို့ ပထမအကျော့ ယှဉ်ပြိုင်ရာမှာ နယူးကာဆယ်က ၂-၀ ဖြင့် ဂိုးပြတ် အနိုင်ရပြီး ဖိုင်နယ်တက်ဖို့ ရေပန်းစားနေပါတယ်။
အီလွန်မက်ရဲ့ ဖခင်ဖြစ်သူက သူ့သားဟာ လီဗာပူးအသင်းကို ဝယ်ယူဖို့ စိတ်ဝင်စားပါတယ်လို့ ဝန်ခံပါတယ်။ ဒါပေမယ့် အလွတ်သဘောပြောဆိုခြင်းဖြစ်ပြီး အီလွန်မက်ဘက်က တကယ်ကြီး ကမ်းလှမ်းလာမယ်လို့ မဆိုလိုပါဘူး။
လီဗာပူးအသင်းရဲ့ အမေရိကန်ပိုင်ရှင်တွေက အသင်းကို နည်းပညာဘီလျံနာကြီး အီလွန်မက် ဝယ်ယူလိုတယ်ဆိုရင်လည်း ရောင်းချဖို့ အစီအစဉ် မရှိပါဘူး။
အာနယ် ဆလော့က သူဟာ လူမှုကွန်ယက်ပေါ်က ပရိသတ်တွေရဲ့ အသံကို အာရုံမထားပါဘူး ထုတ်ပြောလိုက်ပါတယ်။ လီဗာပူးမန်နေဂျာတစ်ယောက် အနေနဲ့ အွန်လိုင်းက အသံတွေကို နားထောင်နေမယ်ဆိုရင် ရှင်သန်ဖို့တောင် ခက်ခဲသွားမယ်လို့ သူက ပြောပါတယ်။
ဒီအပတ်ထဲမှာပဲ ပဲလေစ့်နဲ့ အစ်ဝစ်ချ်တို့ဟာ လီဗာပူးတိုက်စစ်သမား ဗန်ဒုတ်အတွက် ပေါင်သန်း ၂၀ တန် ကမ်းလှမ်းမှုကို ပေးပို့ပါတော့မယ်။
ဗန်ဒိုက်နဲ့ ဆာလာတို့ဟာ စာချုပ်ပါ အချက်အလက်ကိစ္စတွေ ညိနှိုင်းမှု အဆင်မပြေဖြစ်နေပေမယ့် လီဗာပူးမှာ ဆက်နေလိုရိပ်တွေ ပြသထားတာမို့ အချိန်ယူ ဆွေးနွေးပြီးကြရင် စာချုပ်သစ်ကိစ္စ ပြီးမြောက်ကြဖွယ် ရှိပါတယ်။
ထရန့်က ယူနိုက်တက်ပွဲမှာ ခြေစွမ်းမပြနိုင်လို့ လူတိုင်းက စာချုပ်ကိစ္စ စကားပြောလာကြတာဖြစ်ပြီး အဲ့ပွဲ ခြေစွမ်းပြနိုင်ခဲ့ရင် ဘယ်သူမှ စာချုပ်ကိစ္စနဲ့ ဖိပြောကြမှာ မဟုတ်ကြောင်း အာနယ် ဆလော့က ဆိုပါတယ်။
ဟာဗေးက သူ့ရဲ့ အကောင်းဆုံးနေရာက ကွင်းလယ် နံပါတ် ၁၀ နေရာဖြစ်မယ်လို့ ယုံကြည်နေပါတယ်။ အင်္ဂလန်မှာလည်း သူက အဲ့နေရာကနေ ရေရှည်ကစားနေတာ ဖြစ်ပါတယ်။
ဖီယင်နု တိုက်စစ်မှူး ဆန်တီယေဂို ဂျင်မီနက်စ်ကတော့ နည်းပြဆလော့နဲ့ ပြန်ပြီး လက်တွဲ အလုပ်လုပ်ချင်ပါတယ်လို့ ဖွင့်ဟလာပါတယ်။
ခီယေဆာဟာ ဒုတိယရာသီဝက်အတွင်း လီဗာပူးအသင်းရဲ့ ပွဲနေ့ လူစာရင်းတွေမှာ ပိုမို ပါဝင်လာနိုင်ဖို့ အာနယ် ဆလော့က ရည်မှန်းထားတာမို့ အငှားထွက်မှာ မဟုတ်ပါဘူး။
ချန်ပီယံရှစ်ကလပ် စတုတ်စီးတီးမှာ ခြေစွမ်းပြနေတဲ့ လူးဝစ် ကိုးမက်စ်ကို ရှက်ဖီး ယူနိုက်တက်နဲ့ ဝက်စ်ဘရွန်းအသင်းတို့က ခေါ်ယူလိုနေပါတယ်။