

စပါးနည်းပြ ပိုစတီဂိုကလူကတော့ သူ့အသင်းမှာ လူစာရင်းအင်အား နည်းပါးနေပါတယ်လို့ ထုတ်ပြောလာပါတယ်။
လီဗာပူးနဲ့ ယှဉ်ပြိုင်ကစားရမယ့် ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ပွဲကြိုမှာ စပါးနည်းပြက ဒဏ်ရာရ ကစားသမားတွေ များနေလို့ အဓိက ကစားသမားတွေကို ထုတ်သုံးဖို့ ရုန်းကန်နေရတယ်လို့ ပြောဆိုလာတာပါ။
သတင်းထောက်တွေက မိုဆာလာလို ကစားသမားမျိုး ရှိနေမယ်ဆိုရင် စပါးအသင်းရဲ့ ကံကြမ္မာ အပြောင်းအလဲရှိနိုင်လားလို့ မေးခွန်းထုတ်ခဲ့တယ်။
ပိုစတီဂိုကလူက ” ကျနော်တို့မှာ ဒဏ်ရာရ ကစားသမား အရေအတွက် သိပ်များနေပါတယ်။ ပထမအသင်း ကစားသမား ၁၀ ယောက်လောက်က လီဗာပူးပွဲမှာ ပါဝင်နိုင်ဖို့ မရှိပါဘူး။
ဒီအနေအထားမှာ ဆာလာကို ကျနော်တို့ အသင်းထဲ ခေါ်သွင်းကြည့်ပါလား။ သူ အခုလို ဂိုးတွေအများကြီး ဘယ်လိုမှ သွင်းနိုင်တော့မှာ မဟုတ်ဘူး ” လို့ တုန့်ပြန်သွားခဲ့ပါတယ်။
ဒီပွဲကြိုမှာ နည်းပြဆလော့ကတော့ လီဗာပူးအသင်းမှာ ဒဏ်ရာရ ကစားသမား ထွေထွေထူးထူး မရှိကြောင်း ပြောဆိုလာတာကြောင့် ဂိုးမက်စ်ကလွဲရင် အနားယူနေရသူ မရှိဘဲ ယူနိုက်တက်ပွဲမှာ မပါဝင်နိုင်ခဲ့တဲ့ ဆိုဘိုစလိုင် အဖျားကနေ ပြန်သက်သာလာပြီ ယုံကြည်ရပါတယ်။
ဒါပေမယ့် ယူနိုက်တက်ပွဲကမှ ပြန်ပွဲထွက်ခဲ့တဲ့ အီဘူးကိုတော့ ဒီပွဲမှာ သေချာပေါက် အနားပေးသွားမယ့်အကြောင်း နည်းပြက ပြောဆိုထားတာ ဖြစ်ပါတယ်။