

ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ပထမအကျော့မှာ လီဗာပူးအသင်းဟာ စပါးကို အဝေးကွင်းမှာ ၁-၀ ဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။
ဒုတိယအကျော့ကို အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ကာ အနိုင်ရတဲ့အသင်းက နယူးကာဆယ် vs အာဆင်နယ်အတွဲက တက်လာမယ့် အသင်းနဲ့ ဝင်ဘာလေမှာ ဗိုလ်လုရမှာဖြစ်ပါတယ်။
ကွမ်းဆက်ဟာ ဒဏ်ရာရနေခြင်း မဟုတ်ဘဲ ဖျားနေတာကြောင့် ခပ်စောစောမှာတင် လူစားလဲမှု လုပ်ခဲ့ရတာလို့ သိရပါတယ်။
ကာရာဘောင်းပွဲမှာ အယ်လီဆန်နဲ့ ဂျိုတာတို့ကို ပွဲထွက်ကနေ ထုတ်သုံးရတာက ဒဏ်ရာကနေ ပြန်သက်သာလာတဲ့ ကစားသမားတွေ ပုံမှန် ကစားနိုင်စွမ်းတွေ ပြန်ရလာစေဖို့ဖြစ်တယ်လို့ သိရပါတယ်။
စည်းကြပ်ဒိုင်နဲ့ စတုတ္ထဒိုင်တွေ ရှိနေတဲ့ကြားက စပါးကစားသမား bergvall ထုတ်ပယ် မခံရခြင်းကို နည်းပြဆလော့နဲ့ အသင်းခေါင်းဆောင် ဗန်ဒိုက်တိုက် အံ့အားသင့်နေကြပါတယ်။
ရလဒ်ကလွဲရင် စွမ်းဆောင်ရည်ပိုင်းအတွက်တော့ အပြစ်တင်စရာ မရှိပါဘူးလို့ နည်းပြ အာနယ် ဆလော့က ဆိုပါတယ်။
ယခင်လတွေက ပွဲပန်းမှုကြောင့် ခြေစွမ်းကျဆင်းခဲ့တဲ့ မာကာဟာ လက်ရှိ အကောင်းဆုံး ခြေစွမ်းပြန်ပြနေချိန် ကာတစ်ဂျုံးရဲ့ ခြေစွမ်းက တောက်လျှောက် ထိုးကျလာနေတယ်လို့ ထောက်ပြလာနေကြပါပြီ။
လီဗာပူးခံစစ်ဟာ ဗန်ဒိုက် တစ်ဦးတည်းကြောင့် ရုပ်မပျက်ဘဲ ရှိနေတာဖြစ်ပြီး အသင်းခေါင်းဆောင်ဖြစ်သူ ထွက်ခွာသွားရင် အလယ်အလတ်အဆင့် ခံစစ်တန်းဖြစ်သွားမှာမို့ စာချုပ်သစ် အမြန်ပေးဖို့ တိုက်တွန်းနေကြပါတယ်။
စပါးကို ရှုံးနိမ့်အပြီးမှာ ဗန်ဒိုက်က ပထမပိုင်း ပြီးသွားပြီဖြစ်ပြီး ဒုတိယပိုင်းမှာ အကောင်းဆုံး တုန့်ပြန်နိုင်ရမယ်လို့ အသိပေးပါတယ်။
လီဗာပူးကွင်းလယ်ဟာ ဆိုဘိုစလိုင်၊ ဂရာဗင်ဘက်ချ်၊ မာကာ အတွဲက အကောင်းဆုံးဖြစ်ပြီး သူတို့ထဲက တစ်ဦးဦး မပါနိုင်ချိန်မှာ စနစ်ကြီးက ယိုယွင်းပျက်စီးသွားလေ့ရှိကြောင်း မှတ်ချက်တွေ ရလာနေပါပြီ။
ကလယ်ဟာကို နယူးကာဆယ်အသင်းက ခေါ်ယူလိုနေပေမယ့် ဇန်နဝါရီစျေးကွက်မှာတော့ လီဗာပူးဘက်က ရောင်းချသွားဖွယ် မမြင်ရပါဘူး။
ဘိုင်ယန်မြူးနစ်ကနေ အလွတ်ဖြင့် ထွက်ခွာမယ့် အသက် ၂၉ နှစ်အရွယ် ကွင်းလယ်လူ ကင်မစ်ကို လီဗာပူးအသင်းက ခေါ်ယူလိုကြောင်း အသံထွက်နေပါတယ်။