

အက်စတွန်ဗီလာနဲ့ပွဲအတွင်း ဒုတိယပိုင်းမှာ သွင်းယူခဲ့တဲ့ ဂက်ပိုရဲ့ သွင်းဂိုးကို လူကျွံဘောအဖြစ် ကွင်းလယ်ဒိုင် ဂျွန်ဘရွတ်ခ်က ပယ်ချခဲ့ပါတယ်။
ဗီလာ နောက်ခံလူကနေ ပြန်စင်ထွက်လာတဲ့ ဘောလုံးကို ဂက်ပိုက ပိတ်သွင်းခဲ့တာ ဖြစ်ပေမယ့် VAR စစ်ဆေးမှုကို ကွင်းလယ်ဒိုင် သွားကြည့်အပြီးမှာ လူကျွံတယ်လို့ ဆုံးဖြတ်လိုက်တာပါ။ ပရီးမီးယားလိဂ်ဘက်ကတော့ လူကျွံဘောအဖြစ် ဆုံးဖြတ်ရတာ ဗန်ဒိုက်ကြောင့်လို့ ဖော်ပြလာပါတယ်။
“ လူးဝစ် ဒီယက်စ်ရဲ့ ခေါင်းတိုက်ဘောမှာ ဗန်ဒိုက်က လူကျွံ အခြေအနေမှာ ရှိနေပါတယ်။ VAR ဘက်က သွင်းဂိုးကို ပြန်ကြည့်ဖို့ ပြောရာမှာ ကွင်းလယ်ဒိုင်က ဗီလာကစားသမားနဲ့ ညိပြီး စင်ထွက်လာခြင်းဖြစ်ပြီး တမင်ရည်ရွယ်တာ မဟုတ်ဘူး ဆုံးဖြတ်ပါတယ် ” လို့ ပရီးမီးယားလိဂ်က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
ထရန့်ရဲ့ ဖြတ်တင်ဘောကို ဒီယက်ဇ်က ခေါင်းတိုက် ပြန်ချရာမှာ Konsa နဲ့ ထိပြီး ပြန်စင်ထွက်လာမှုကို ဗန်ဒိုက်က ထပ်ဆင့် ချပေးခဲ့တာပါ။ ကွန်ဆာက တမင် ရည်ရွယ်တာ မဟုတ်ပေမယ့် ဘောလုံးက သူနဲ့ထိပြီး ဗန်ဒိုက်ထံ ရောက်သွားတာဖြစ်လို့ လူကျွံတယ်ဆိုပြီး ပယ်ဖျက်ခြင်းဟာ လီဗာပူးအတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ပါတယ်။
ဒါပေမယ့်လို့ လောလောလတ်လတ်ပဲ ကလော့ပ်ကို ပေါင် ၇၅၀၀၀ ရိုက်ထားတဲ့ အက်ဖ်အေကို လီဗာပူးဘက်က စောဒကတက်သွားဖွယ် မရှိသလို ပွဲပြီးခဲ့ပြီမို့ ရလဒ်ကို လက်ခံရတော့မှာ ဖြစ်ပါတယ်။