

အသင်းခေါင်းဆောင် လက်ပတ်နဲ့အတူ တည်ငြိမ်တဲ့ စွမ်းဆောင်ရည်ကို ပြသခဲ့တဲ့ ထရန့်ကို နည်းပြဆလော့နဲ့အတူ ပရိသတ်တွေဘက်က ချီးကျူးမှုတွေ လုပ်နေပါတယ်။
ထရန့်ဟာ ဆရာဟောင်းဖြစ်တဲ့ Accrington မန်နေဂျာ Doolan ကို ပွဲအပြီးမှာ ရင်းရင်းနှီးနှီးသွားရောက် နှုတ်ဆက်ခဲ့တာကို မြင်ခဲ့ရပါတယ်။
လီဗာပူးမြို့ဖွား Doolan ဟာ တချိန်က လီဗာပူးအကယ်ဒမီ နည်းပြတစ်ဦးဖြစ်ခဲ့ဖူးပြီး ထရန့် ၆ နှစ်သားအရွယ်မှာ အမေဖြစ်သူနဲ့အတူ လေ့ကျင့်ရေးလာတဲ့ ထရန့်ကို ပဲ့ကိုင်ဖူးသူ တစ်ဦးဖြစ်ပါတယ်။ ထိုစဉ်ကတော့ ထရန့်က တိုက်စစ်မှူးအဖြစ် ကစားခဲ့ရပါတယ်။
အက်ဖ်အေဖလားမှာ ပွဲထွက်ခဲ့တဲ့ ရီယို နူမိုဟာနဲ့ ပတ်သတ်လို့ နည်းပြအာနယ် ဆလော့က အကောင်းမြင်စကားတွေ ပြောဆိုပါတယ်။
အရန်ခုံကနေ ထလာပြီး ဂိုးသွင်းခဲ့တဲ့ ဒန့်စ်ကတော့ သူ့ရဲ့ ဂိုးအတွက် ပျော်သလို နည်းပြက ယုံယုံကြည်ကြည် နေရာပေးတာအတွက်လည်း ကျေးဇူးတင်နေပါတယ်။ ကာလရှည် ဒဏ်ရာကြောင့် နားခဲ့ရရာကနေ ပထမအသင်းပွဲမှာ ပြန်ပါခွင့်ရတာက မလွယ်လှဘူးလို့ သူက ဝန်ခံပါတယ်။
လီဗာပူးပရိသတ်တွေကြားမှာ ဒါဝင်နူးညက်စ် ရေပန်းစားမှုဟာ ပိုမို လျော့ကျလာနေပါတယ်။ ဒီတလောမှာ အင်္ဂလန်ပြင်ပလိဂ်တွေကလည်း ဒါဝင်ကို ခေါ်ယူမယ့် သတင်းတွေ မကြာခဏ ထွက်ပေါ်လာနေတာပါ။
နာပိုလီတိုက်စစ်သမား ကာဗာရာဟာ ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းထံ ရောက်ဖို့ နီးစပ်နေပါပြီ။ မနှစ်နွေတည်းက ကစားသမားနဲ့ ပြင်သစ်အသင်းကြား ဆက်သွယ်မှုတွေ ရှိထားခဲ့တာပါ။
ခီယေဆာ ကိုယ်တိုင်က လီဗာပူးမှာပဲ ဆက်နေလိုတာကြောင့် ဇန်နဝါရီမှာ နာပိုလီထံ အပြောင်းအရွှေ့ဖြစ်ဖို့ မရှိပါဘူး။ စီးရီးအေကလပ်ဟာ ကာဗာရာနေရာ အစားထိုးဖို့ တိုက်စစ်သမားသစ် ရှာဖွေနေတာဖြစ်ပါတယ်။
လီဗာပူးအသင်းနဲ့ ချက်ကလပ် Slavia Prague အသင်း ခံစစ်မှူး Diouf ကြား ချိတ်ဆက်မှုတွေလုပ်နေကြောင်း သတင်းတွေ ထွက်လာနေပါတယ်။