

လီဗာပူးအသင်း နောက်ထပ် ၂ မှတ်လျော့ခဲ့တဲ့ ဖော့ရက်စ်ပွဲအပြီးမှာတော့ အသင်းပရိသတ်တွေက အသင်းသားတစ်ဦးရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သတ်ပြီး သက်ညှာမှုကင်းတဲ့ မှတ်ချက်တွေကို ပေးလာနေပါပြီ။
လီဗာပူးအတွက် စိတ်ပျက်စရာ ပထမပိုင်း ၄၅ မိနစ်ကို မြင်ခဲ့ရသလို များစွာသော ပွဲထွက်ကစားသမားတွေဟာ သူတို့ရဲ့ ပုံမှန် အဆင့်အတန်းမှာ ရှိမနေခဲ့ပါဘူး။ သူတို့ထဲက တစ်ဦးကတော့ ရော်ဘတ်ဆန်ပဲဖြစ်ပါတယ်။
စကော့သား ဘယ်အစွန်လူဟာ ဒီရာသီ တောက်လျှောက် ခြေစွမ်း လိုအပ်ချက်တွေ များနေခဲ့ပြီး ဖောရက်စ်ပွဲမှာဆိုရင် ဘောလုံးဆုံးရှုံးမှု များလွန်းခဲ့သလို ဖြတ်တင်ဘော ပေးပို့မှု ၈ ကြိမ်မှာ ၂ ကြိမ်သာ အောင်မြင်ခဲ့ပါတယ်။
ဒုတိယပိုင် သူနေ့ရာမှာ လူစားဝင်လာတဲ့ ကိုစတက်ထံက ပိုကောင်းတဲ့ စွမ်းဆောင်ရည်မျိုးကို မြင်ခဲ့ရတာနဲ့ နှိုင်းယှဉ်ပြီး ရိုဘိုရဲ့ အကောင်းဆုံးနေ့ရက်တွေဟာ ကုန်ဆုံးနေခဲ့ပြီလို့ မှတ်ချက်တွေရလာနေတာပါ။
” ရိုဘိုက ကျနော် အကြိုက်ဆုံး ကစားသမားပါ။ ကလော့ပ်နေရာ အာနယ် ဝင်ရောက်လာတာကတော့ သူ့ကို လူစာရင်းကနေ ဖယ်ထုတ်ဖို့ ချိန်သားကိုက်ဖြစ်လာခဲ့ပါပြီ။ လက်တလော ခြေစွမ်းအရလည်း ဒီလိုဖြစ်လာမယ့် လက္ခဏာတွေမြင်နေရတယ်။ ဘရန့်ဖိုဒ့်ပွဲမှာ ကိုစတက်ကို ပွဲထွက်ခွင့်ပေးတာက ပိုကောင်းပါလိမ့်မယ်။ ”
” ကိုစတက်က အသင်းရဲ့ လေ့ကျင့်ရေးမှာ ဘယ်လောက်တောင် ညံ့ဖျင်းနေလို့ ရော်ဘတ်ဆန်က သူ့ကို ကျော်ပြီး ပွဲတိုင်း ပွဲထွက်ခွင့်ရနေတာလဲ သိချင်မိပါရဲ့။ ”
” ရော်ဘတ်ဆန်နေရာ ကိုစတက် ပွဲထွက်ခွင့်ရဖို့ သင့်လျော်တဲ့အချိန် ရောက်နေပြီ ဆိုတာကို နားလည်ကြဖို့ရာ လုံလောက်တဲ့ ပွဲတွေဖြစ်နေပါပြီ။ ဘရန့်ဖိုဒ့်ပွဲမှာ ကိုစတက်ကို ပွဲထုတ်လို့ ဘယ်သူမှ အပြစ်မမြင်တော့ပါဘူး။ ”
” နွေကျရင် ရိုဘိုကို စကော့လိဂ်ထံ ပြန်ရောင်းလိုက်ပါ။ ကလပ်အတွက် သိပ်ကို ကောင်းမွန်ပေးခဲ့တဲ့ အသင်းသားဖြစ်ပေမယ့် အကောင်းဆုံး နေ့တွေ ကုန်ဆုံးသွားပါပြီ။ အကယ်လို့ အသင်းက ဘယ်အစွန်လူသစ် ခေါ်ယူခဲ့ရင် သူဟာ တတိယ ဦးစားပေးလောက်ထိ အဆင့်ကျသွားမှာပါ။ ” လို့ မှတ်ချက်ပေးနေကြတာ ဖြစ်ပါတယ်။