လီဗာပူးကို စိန်ခေါ်မယ့် နောက်အသင်း၊ ဂရိတိုက်စစ်မှူး သတင်းကို ငြင်းဆန်ခြင်း၊ ဘယ်အစွန်လူအတွက် ၂ ဦးနဲ့ အသံထွက်ခြင်း နံနက်ခင်း လီဗာပူး သတင်းတိုများ

ပရီးမီးယားလိဂ် ပွဲစဉ် ၂၁ အပြီး ၁ ပွဲလျော့ကစားထားတဲ့ လီဗာပူးအသင်းဟာ ဒုတိယနေရာက အာဆင်နယ်နဲ့ ၄ မှတ်အကွာ ဇယားထိပ်က ဦးဆောင်နေပါတယ်။

လီဗာပူးအသင်းဟာ ဘယ်အစွန်လူ နေရာအတွက် ကစားသမားရှာနေကာ ဘုန်းမောက်မှ ကာဇ့်နဲ့ ဝုဗ်မှ နိုရီတို့ကို သဘောကျနေပါတယ်။

နယူးကာဆယ် ကစားသမားဟောင်း အလန်ရှီးယားကတော့ ၉ ပွဲဆက်တိုက် နိုင်ပွဲဆက်နေသလို အီဆက် ဂိုးမြူးနေတဲ့ နယူးကာဆယ်ဟာ လီဗာပူးရဲ့ ဖလား အိပ်မက်ကို နှောက်ယှက်လိမ့်မယ်လို့ ထုတ်ပြောလာပါတယ်။

လီဗာပူး ယူ-၂၁ ပွဲမှာ တိုက်စစ်မှူး ဂျေဒန်ဒန့်စ်က ဂိုးသွင်းနိုင်ခဲ့ပါတယ်။ လီဗာပူးဘက်က သူ့ကို ပုံမှန် ပွဲကစားခွင့်နဲ့အတူ အငှားချမယ့်ဘက်ကို အားသာလာနေပါတယ်။

ခံစစ်မှူး အီဘူးရဲ့ ဒူးအထက်မှာ ဒဏ်ရာတစ်ခုရှိနေကြောင်း ပွဲနေ့ ပုံတွေမှာ မြင်တွေ့လာရပါတယ်။ အပေါ့စား ဒဏ်ရာအဖြစ် အရေပြားစုတ်ပြဲ ဒဏ်ရာမျိုး ဖြစ်မယ် ခန့်မှန်းရပါတယ်။

ဒီရာသီ လီဗာပူးရဲ့ အဓိက ကစားသမားဖြစ်လာနေသူ ဂရာဗင်ဘက်ချ်ကို အသင်း ချန်ပီယံဖြစ်ခဲ့တဲ့ ဗီဒီယိုတွေကို ပြသပြီး စိတ်ဓါတ်ပိုင်း လှုံ့ဆော်မှုတွေ လုပ်ပေးနေတယ်လို့ ဗန်ဒိုက်က ပြောပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ဇန်နဝါရီမှာ ထရန့်ကို ခေါ်ယူဖို့ လက်လျော့လိုက်ပြီဖြစ်ကာ အလွတ်ဖြင့် နွေမှာ လက်မှတ်ထိုးနိုင်ဖို့ပဲ အာရုံစိုက်ပါတော့မယ်။

ဆော်ဒီဘက်ကတော့ နွေမှာ အလွတ်ဖြင့် ခေါ်ယူနိုင်မယ့် မိုဆာလာကို Al Hilal အသင်းထံ ရောက်အောင် အားထုတ်သွားဖွယ် ရှိနေပါတယ်။

ဆိုစီဒက်ကနေ ဇူဘီမန်ဒီ ထွက်ခွာဖွယ် ရှိနေပေမယ့် လီဗာပူးအသင်းဟာ နွေတုန်းက ခေါ်ယူဖို့ မအောင်မြင်ခဲ့တဲ့ စပိန်ကွင်းလယ်လူကို ထပ်မံ ကြိုးစားလိုရိပ် ပြသလာခြင်း မရှိပါဘူး။

လက်တလောမှာ ဂရိ ဆယ်ကျော်သက် တိုက်စစ်မှူး Stefanos Tzimas ကို ခေါ်ယူဖို့ လီဗာပူးဘက်က ကြိုးစားနေခြင်း မရှိဘူးလို့ မာဆေးဆိုဒ် သတင်းထောက်တွေက ပြောပါတယ်။

ဘုန်းမောက်အသင်းဟာ ဘယ်အစွန်လူ ကာ့ဇ်ကို ဇန်နဝါရီမှာ ရောင်းထုတ်သွားဖို့ အစီအစဉ် မရှိသလို လီဗာပူးတိုက်စစ်သမား ဗန်ဒုတ်ကိုလည်း ချိတ်ဆက်မှာ မဟုတ်ပါဘူး။