

လီဗာပူးအသင်းဟာ ဘယ်အစွန်လူ နေရာအတွက် အားထုတ်မှုတွေ ရှိနေပြီဖြစ်ကာ ဘုန်းမောက် ခံစစ်သမား မီလိုစ့် ကာဇ့်ကို ခေါ်ယူရေး ရေပန်းစားမှု ထိပ်ဆုံးကို ရောက်ရှိလာပါတယ်။
လီဗာပူးဘက်က ဟန်ဂေရီဘယ်အစွန်လူရဲ့ ကိုယ်စားလှယ်တွေဖြင့် ဆက်သွယ်မှု ပြုလုပ်ထားခဲ့ပြီး ဒါဟာ ရော်ဘတ်ဆန်၊ ကိုစတက်တို့ရဲ့ ခြေစွမ်းပိုင်း မတည်ငြိမ်မှုကို နားလည်သဘောပေါက်ပြီး ရေရှည်အတွက် အစားထိုးဖို့ ပြင်ဆင်နေတဲ့သဘော သက်ရောက်ပါလိမ့်မယ်။
ဒါပေမယ့် ကာဇ့်ကို လက်ရှိ စျေးကွက်မှာတင် ခေါ်ယူနိုမလားက ဘုန်းမောက်ဘက်က သဘောထားကို စောင့်ကြည့်ရပါမယ်။ ဒီလမှာပဲ အာဂျင်တီးနား ဘယ်အစွန်လူ ဆိုလာကို ပေါင် ၁၁.၅ သန်းဖြင့် ခေါ်ယူထားတဲ့ ဘုန်းမောက်ဘက်ကတော့ ကာ့ဇ်ကို ရာသီကုန်ထိ ဆက်ထိန်းလိုနေတာပါ။
ယူနိုက်တက်နဲ့ မန်စီးတီးတို့ကလည်း စိတ်ဝင်စားနေပေမယ့် ကာ့ဇ် ကိုယ်တိုင်ကတော့ လက်ရွေးစင် အသင်းဖော်ဖြစ်သူ ဆိုဘိုစလိုင်ရှိရာ လီဗာပူးကို ပိုမို ပြောင်းရွှေ့လိုနေတဲ့ သဘောထားမျိုး ပြသနေပါတယ်။
လီဗာပူးဘက်က အခြေအနေ တိုးတက်မှု မရှိမခြင်း တရားဝင် ချိတ်ဆက်မှု လုပ်ဦးမှာ မဟုတ်သလို ဘုန်းမောက်ဘက်ကလည်း ပေါင် သန်း ၅၀ ထက် ပိုနည်းတဲ့ ကမ်းလှမ်းမှုကို လက်ခံစကားပြောပေးမှာ မဟုတ်ပါဘူး။
အသက် ၂၁ နှစ်အရွယ် ဟန်ဂေရီသားကို မခေါ်ယူနိုင်ခဲ့ရင် လီဗာပူးအသင်းဟာ ဝုဗ်အသင်းမှ ၂၃ နှစ်အရွယ် ပေါ်တူဂီသား အန့်နိုရီကို အရန်အဖြစ် ချိန်ရွယ်ထားပါတယ်။
လက်တလောမှာ ဘုန်းမောက် သတင်းထောက်တွေကတော့ ၎င်းတို့အသင်းဟာ မက်ဒက်ဘရာ့မှာ အငှားထွက်ကစားနေတဲ့ တိုက်စစ်သမား ဗန်ဒုတ်ကို ခေါ်ယူဖို့ စိတ်မဝင်စားကြောင်းနဲ့ လီဗာပူး စိတ်ဝင်စားနေတဲ့ ဆမ်မီညိုနဲ့ အလဲအထပ် လုပ်မှာ မဟုတ်ကြောင်း ဖော်ပြမှု ရှိထားပါတယ်။