NEWS: လီဗာပူးကို ပြောင်းလာမယ်လို့ အယ်လစ္စတာ ကတိပြု၊ ပေါင် ၆၅ သန်းထက် နည်းမည်။

တရားဝင် ကိစ္စတွေ မပြီးမြောက်သေးပေမယ့်လို့ လာမယ့်ရာသီ လီဗာပူးကို ပြောင်းလာဖို့ အယ်လစ္စတာ သဘောတူလိုက်ပြီလို့ အာဂျင်တီးနား နာမည်ကြီး သတင်းဌာန TyC Sports က ဖော်ပြလာပါပြီ။

လီဗာပူးဘက်က ဘရိုက်တန်ကို ပြောင်းရွှေ့ကြေး ပေါင် သန်း ၇၀ နီးနီး ပေးမယ်လို့ ၎င်းသတင်းက ဖော်ပြပေမယ့်လို့ ရိုမန်နိုကတော့ သတင်းတွေ ပြောနေသလို မဟုတ်ဘဲ ပေါင် ၆၅ သန်း ဒါမှမဟုတ် ပေါင် ၆၀ သန်းထက် နည်းပါးမယ်လို့ ဖြည့်စွက် ဖော်ပြထားပါတယ်။

အာဂျင်တီးနား ကွင်းလယ်လူကို ခေါ်ယူနိုင်ရေး လီဗာပူးအသင်းက ချယ်ဆီးအသင်းနဲ့ အဓိက ယှဉ်ပြိုင်ခဲ့ရတယ်လို့ သိရတယ်။ လီဗာပူးကို ပြောင်းနိုင်ခြင်းကြောင့် ကမ္ဘာ့ချန်ပီယံကြီးဟာ ပိုမို မြင့်မားတဲ့ ကမ္ဘာ့အဆင့်ကို တက်လှမ်းနိုင်တော့မယ်လို့ TyC Sports က အမွှန်းတင်သွားခဲ့ပါတယ်။

ရိုမန်နိုကတော့ ” ပုဂ္ဂိုလ်ရေးပိုင်းမှာ လီဗာပူးနဲ့ အယ်လစ္စတာကြား သဘောတူညီမှု ရလုနီးပါးပါပဲ။ ဧပရယ်တည်းက လီဗာပူးဘက်က သူတို့ ပရော်ဂျက်တွေ ပြသထားပြီးပါပြီ။ အပြီးထိတော့ သဘောတူညီမှု မရသေးပါဘူး။ အသေးစိတ် အချက်အချို့ကို ညိနှိုင်းဖို့ ကျန်ပါသေးတယ်။

ဘရိုက်တန်နဲ့တော့ ဘာပြဿနာမှ မရှိပါဘူး။ ဇွန်လကျရင် သူတို့ ခေါ်စျေးနဲ့ ရောင်းမယ်လို့ ဘရိုက်တန်ဘက်က ပြောထားပါပြီ ” လို့ ဖော်ပြသွားပါတယ်။

အခုချိန်မှာ ညွှန်ပြချက်တွေ အားလုံးကတော့ အယ်လစ္စတာဟာ လာမယ့်ရာသီ လီဗာပူး ကစားသမားဖြစ်လာတော့မယ် ဆိုတာပဲ ဖြစ်ပါတယ်။