

လီဗာပူးအသင်းဟာ ဘယ်အစွန်နေရာကို အင်အားဖြည့်လိုနေပေမယ့် ဇန်နဝါရီမှာတင် အားဖြည့်ပြီး ဘယ်ခြမ်း ကစားသမား ၃ ယောက်ထိ ရှိနေမှာမျိုးကို သဘောမကျပါဘူး။
၂၀၂၃-၂၀၂၄ ဘောလုံးရာသီ ယာဂင်ကလော့ပ်ရဲ့ နောက်ဆုံးနှစ်ကို အပိုင်း ၈ ပိုင်းဖြင့် စီးရီးထုတ်ဖို့အစား လီဗာပူးနည်းပြဘဝ ၈ နှစ်ကျော်ကာလ တစ်ခုလုံးကို ပေါင်းထည့်လိုက်ဖို့ အသင်းဘက်က ပြန်လည် စီစဉ်နေပါတယ်။
အယ်လီဆန်ရဲ့ စွမ်းဆောင်ရည် ကျဆင်းမှုကို မာဆေးဆိုဒ် သတင်းထောက်တွေ ကိုယ်တိုင်က သတင်းခေါင်းကြီးဖြင့် ဖော်ပြလာနေပါတယ်။
အာနယ် ဆလော့က ခံစစ်မှူး ကွမ်းဆက်ကို သိပ်သဘောမကျဘူးဆိုတဲ့ အသံမျိုး ထွက်နေပါတယ်။
ဘရန့်ဖိုဒ့်ပွဲကြိုမှာ ဒီယက်ဇ်ဟာ တစ်ဦးတည်း သီးသန့် လေ့ကျင့်ရေး ပြုလုပ်နေပြီး ဂျိုတာကလည်း တစ်ဦးချင်း လေ့ကျင့်မှု အနည်းငယ်ကို လုပ်ဆောင်ခဲ့ပါတယ်။
လီဗာပူးအသင်းဟာ အပြောင်းအရွှေ့မှာ သုံးဖို့ ငွေကြေး ရှိထားပေမယ့် မှန်ကန်တဲ့ အခွင့်အရေးမျိုး ဖြစ်လာမှပဲ လူသစ် ခေါ်ယူသွားမယ်လို့ အင်္ဂလန်သတင်းထောက်တွေက ရေးသားပါတယ်။
မိုဆာလာဘက်က ဥရောပကို စွန့်ခွာလိုစိတ်ရှိမယ်ဆိုရင် စာချုပ်ကြီးဖြင့် ကမ်းလှမ်းဖို့ ဆော်ဒီဘက်က အဆင်သင့်ရှိနေပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ထရန့်ကို ရာသီကုန်မှာ ခေါ်ယူရေးအတွက် အကြို သဘောတူညီမှု ရယူနိုင်နေခြင်း မရှိပါဘူး။
ဂျေဒန်ဒန့်စ်ကို ချန်ပီယံရှစ်ကလပ် စတုတ်စီးတီးက အငှားခေါ်ယူလိုနေပြီး အသင်းဖော် ကူးမက်စ်ကလည်း အဆိုပါအသင်းမှာ ပုံမှန်ပွဲကစားခွင့်ရနေတာပါ။
ဘိုင်ယန်နဲ့ သက်တမ်းတိုးမယ် သတင်းကြီးနေတဲ့ အဖွန်ဆို ဒေးဗစ်ရဲ့ အေးဂျင့်ကတော့ လီဗာပူး အပါအဝင် ပရီးမီးယားလိဂ်ကလပ်တွေနဲ့ စကားပြောချင်နေဆဲဖြစ်ပါတယ်။