ချန်ပီယံလို ကစားပြခဲ့တဲ့အသင်းလို့ ချီးကျူး၊ အာနယ် ဆလော့ ကျေးဇူးတင်တဲ့ အသင်းသား၊ ပရီးမီးယားလိဂ် စံချိန်သစ်နဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

ဒီအပတ် ပွဲစဉ်တွေအပြီး လီဗာပူးအသင်းဟာ ၁ ပွဲလျော့ကစားကာ ဒုတိယနေရာက အာဆင်နယ်ကို ၆ မှတ် ဖြတ်ထားနိုင်ပြီဖြစ်ပါတယ်။

ဘရန့်ဖိုဒ့်ပွဲမှာ ၂ ဂိုး သွင်းယူခဲ့တဲ့ ဒါဝင်က ခက်ခဲတဲ့ အခြေအနေကို ရင်ဆိုင်နေရပေမယ့် သူ ဘယ်တော့မှ အရှုံးပေးသွားမှာ မဟုတ်ဘူးဆိုကာ လီဗာပူးကစားသမားဘဝအတွက် တိုက်ပွဲဝင်မယ့်အကြောင်း ကြေညာပါတယ်။

ဘရန့်ဖိုဒ့်ပွဲအတွင်း လီဗာပူးခံစစ်ကြောင်းဟာ မာကျောမှုကို ပြန်လည်ပြသခဲ့ပြီး စွမ်းဆောင်ရည်ပိုင်း အသံထွက်နေတဲ့ အယ်လီဆန်၊ ထရန့်၊ ကိုနတေးတို့ထံက ထိပ်တန်းအဆင့် ပုံစံကောင်းတွေ ပြန်မြင်ခဲ့ရပါတယ်။

မနေ့ညကပွဲမှာ လူတိုင်းက ဒါဝင်ကိုပဲ ချီးကျူးနေကြပေမယ့် ဟာဗေးရဲ့ လုပ်ပြနိုင်စွမ်းဟာ အံ့မခန်းဖြစ်ကြောင်း အာနယ် ဆလော့က ချီးကျူးလိုက်ပါတယ်။

ဘီဘီစီ သတင်းတင်ဆက်သူ ခရစ်ဆက်တန်ကတော့ ချန်ပီယံဖြစ်မယ့်အသင်းတွေဟာ လီဗာပူးကစားသလို အဆုံးထိ အနိုင်ရလဒ်အတွက် ကြိုးစားကစားပြနိုင်ကြတယ်လို့ မှတ်ချက်ပေးပါတယ်။

လီဗာပူးအသင်းဟာ ဘရန့်ဖိုဒ့်ကို ရင်ဆိုင်ကစားပြီး ကန်ချက် ၃၇ ကြိမ် လုပ်ခဲ့ပါတယ်။ ဒါဟာ ပရီးမီးယားလိဂ်သမိုင်းမှာ အဝေးကွင်းအသင်းတစ်သင်းက အများဆုံး လုပ်ခဲ့တဲ့ ခြိမ်းခြောက်မှုအဖြစ် စံချိန်တင်သွားပါတယ်။

ကာလတိုအတွင်း မန်စီးတီး၊ အာဆင်နယ်၊ လီဗာပူးတို့နဲ့ ယှဉ်ပြိုင်ကစားခဲ့တာက မယုံနိုင်စရာဖြစ်ခဲ့ပေမယ့် အားလုံးထဲမှာ လီဗာပူးက ချွန်ထွက်နေတဲ့ အကောင်းဆုံးအသင်းပါလို့ ဘရန့်ဖိုဒ့်နည်းပြ သောမက်စ် ဖရန့်က ပြောပါတယ်။

ဒါဝင် ကယ်တင်ခဲ့တဲ့ ဂိုးတွေအတွက်တင် မဟုတ်ဘဲ သူ့ရဲ့ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေ အတွက်ပါ ကျေးဇူးတင်တယ်လို့ အာနယ် ဆလော့က ဆိုပါတယ်။

အသင်းအတွက် အရေးကြီးတဲ့ ဂိုးတွေကို သွင်းနိုင်ခဲ့ခြင်းကနေ ရနေမယ့် ယုံကြည်မှုက တစ်ဆင့် ဒါဝင် အကောင်းဆုံး တည်ဆောက်သွားနိုင်မယ်လို့ အသင်းဖော်တွေက ယုံကြည်နေပါတယ်။

လီဗာပူးရဲ့ လူစာရင်းဟာ သူတို့ထက်စာရင် တောင့်တင်းလွန်းတယ်လို့ အက်စတွန်ဗီလာကို သရေကျအပြီး နည်းပြအာတီတာက ဆိုသွားပါတယ်။