

စနေနေ့က ယှဉ်ပြိုင်ကစားတဲ့ ပွဲစဉ်မှာ လီဗာပူးကို နာကျင် အချိန်ပို သွင်းဂိုးတွေဖြင့် ရှုံးနိမ့်ခဲ့အပြီး ပြိုင်ဘက် ဘရန့်ဖိုဒ့်နည်းက အာနယ် ဆလော့ရဲ့ အသင်းကို ချီးကျူးခဲ့ပါတယ်။
ဘရန့်ဖိုဒ့်ဟာ ပွဲကို ပလန်ကောင်းကောင်းတွေဖြင့် ချဉ်းကပ်လာပြီး ခံစစ်ကနေ ကစားကွက် တည်ဆောက်မှုအပိုင်းကော ကောင်တာတိုက်စစ် ကစားဖို့ အပိုင်းမှာပါ သပ်ရပ်ခဲ့တာကြောင့် လီဗာပူးဘက်က အတော်လေး ခက်ခဲခဲ့ပါတယ်။
နောက်ဆုံးမိနစ်ထိ ရုန်းကစားလိုတဲ့ လီဗာပူးကစားသမားတွေကြောင့်နဲ့ ဒါဝင် နူးညက်စ်ရဲ့ ဂိုးလာဘ်ရှိခဲ့ခြင်းတွေကြောင့်ပဲ ထိုက်တန်တဲ့ နိုင်ပွဲကို ရယူနိုင်ခဲ့တာပါ။
၂၀၂၅ ခုနှစ်ထဲမှာပဲ အာဆင်နယ်၊ မန်စီးတီးတို့ကို ယှဉ်ပြိုင်ခဲ့တဲ့ သောမက်စ်ဖရန့်ကတော့ လီဗာပူးဟာ အဆိုပါ နှစ်သင်းထက် သာလွန်နေတယ်လို့ ဆိုပါတယ်။
သောမက်စ် ဖရန့်က “ ကျနော်တို့အသင်းဟာ ကာလတိုအတွင်းမှာပဲ မန်စီးတီး၊ အာဆင်နယ်တို့ကို ယှဉ်ပြိုင်ခဲ့ပြီးပြီ။ အခု လီဗာပူးနဲ့ ယှဉ်ပြိုင်ခဲ့ရတယ်။ ကျနော်အတွက်တော့ လီဗာပူးဟာ မန်စီးတီး၊ အာဆင်နယ်တို့ထက် လယ်ဗယ် တစ်ဆင့်မြင့်နေတဲ့ အသင်းဖြစ်ပါတယ်။
သူတို့က ပြီးပြည့်စုံတယ်။ ပရီးမီးယားလိဂ်နဲ့ ကမ္ဘာ့အကောင်းဆုံး အသင်းဖြစ်ပါတယ်။ သူတို့ ပရီးမီးယားလိဂ်ဖလား အောင်မြင်ဖို့ အတော်လေး ရေပန်းစားပါလိမ့်မယ် ” လို့ ချီးကျူးခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ ပွဲစဉ် ၂၁ အပြီး အကောင်းဆုံးတိုက်စစ်၊ အကောင်းဆုံးခံစစ်တွေဖြင့် အမှတ်ပေးဇယားကို ၆ မှတ်ဖြတ်ထားနိုင်ပြီဖြစ်ပါတယ်။