

လီဗာပူးဟာ သူ သိပ်ကြိုက်ရတဲ့အသင်းဖြစ်ပြီး ဒီအသင်းမှာ နေရာတစ်နေရာရဖို့ပဲ အစွမ်းကုန် အားထုတ်လိုတယ်လို့ ဟာဗေးက ဆိုပါတယ်။ ဟာဗေးတို့ဟာ မိသားစုလိုက် လီဗာပူးကို အားပေးကြတဲ့ အမာခံပရိသတ်တွေဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ဖလားရဖို့ လီဗာပူးက အရမ်းကြီး ကောင်းပြနေစရာ မလိုဘဲ အဓိက စိန်ခေါ်မယ့် အာဆင်နယ်နဲ့ ဖောရက်စ်တို့ဟာ သူတို့ ပြဿနာတွေနဲ့ သူတို့ဘာသာ ခြေမချော်ဖို့ကိုတောင် မနည်းဟန်ကိုနေရတယ်လို့ ထောက်ပြနေပါတယ်။
လီဗာပူးဘက်က ဒါဝင် နူးညက်စ်အတွက် ကမ်းလှမ်းမှု မရသေးသလို သူ့ကို ကလပ်ရဲ့ အနာဂတ်မှာ ဆက်ထည့်ထားဖို့လည်း စဉ်းစားထားဆဲပါ။
အဓိက ကစားသမား ၃ ဦးရဲ့ စာချုပ်ကိစ္စအပြင် လီဗာပူးအသင်းဟာ စာချုပ်ကိစ္စ များစွာကို ဆုံးဖြတ်ပေးရပါတော့မယ်။ ရိုဘို၊ ကလယ်ဟာ၊ ကိုနတေးနဲ့ စာချုပ် ၁၈ လပဲ ကျန်ရှိတော့သလို ဒီယက်ဇ်၊ ဟာဗေး၊ ဂျိုတာ၊ ဘရတ်ဒလေ၊ အယ်လီဆန်တို့နဲ့လည်း စာချုပ် ၂ နှစ်ကျော်ပဲ ကျန်ရှိတော့တာပါ။
လီဗာပူးအသင်း လူစာရင်းဟာ အာဆင်နယ်ထက် အများကြီး တောင့်တင်းလွန်းတယ်လို့ နည်းပြအာတီတာက ထုတ်ဖော်ခဲ့ပြီး သူ့အတွက် လူသစ်တွေ ခေါ်ပေးဖို့ တောင်းဆိုနေပါတယ်။
၂၀၂၃ နွေမှာတုန်းက ချယ်ဆီးအသင်းဟာ ဒါဝင်ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပြီး ယာဂင်ကလော့ပ်က မရောင်းချဖို့ရာ ဗီတိုသုံးပြီး ပယ်ချခဲ့တာဖြစ်ပါတယ်။
ဝုဗ်အသင်းမှ ကစားသမားအချို့ကို လီဗာပူးအသင်း စောင့်ကြည့်နေဆဲဖြစ်ပြီး ၎င်းတို့ တန်းဆင်းခဲ့မယ်ဆိုရင် အသင်းထံက ဝင်ရောက် ကမ်းလှမ်းမှု မြင်ရနိုင်ပါတယ်။
ဆော်ဒီကလပ်တွေနဲ့အပြိုင် မိုဆာလာကို အလွတ်ဖြင့် ခေါ်ယူဖို့ ပီအက်စ်ဂျီ အသင်းဘက်က စိတ်ဝင်စားနေဆဲဖြစ်ပါတယ်။
အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ကစားမယ့် ကာရာဘောင်းဖလား ဒုတိယအကျော့ ပွဲစဉ်ကို စပါးဘက်က ဆိုလန်ကီနဲ့ ဘရန်နာ ဂျွန်ဆင်တို့ လွဲချော်သွားမှာ ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ ဒေါ့မွန်အသင်း ကြယ်ပွင့် Bynoe-Gittens ကို စောင့်ကြည့်ဖို့ ကင်းထောက်စေလွှတ်မှု မကြာခဏ ရှိထားပါတယ်။