စာချုပ်နဲ့ ဒဏ်ရာကိစ္စ ဖွင့်ချတဲ့ အီဘူး၊ လီဗာပူးပွဲတွေကို သဘောကျစွာ စောင့်ကြည့်တဲ့ ဘာကာနည်းပြဖီလစ်၊ သမိုင်းသစ် ရေးထိုးခွင့်ရနိုင်တဲ့ ဗန်ဒိုက်နဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

ခံစစ်မှူး ကိုနတေးက သူဟာ အသင်းထံကနေ စာချုပ်သစ်ကိစ္စ ကမ်းလှမ်းမှု ရခဲ့ကြောင်း ထုတ်ပြောခဲ့ပါတယ်။ စာချုပ်သစ်ကိစ္စ သဘောတူညီမှုရတော့မှာလား ကိုတော့ အဖြေမပေးခဲ့ပါဘူး။

ဒူးဒဏ်ရာ နာကျင်ရဲ့နဲ့ ပွဲတွေကို ဝင်ကစားနေတာလို့လည်း ပြင်သစ်ခံစစ်မှူးက ပြောပါတယ်။ ပြန်လည် ထူထောင်ရေး ကိစ္စတွေကို အလျင်စလို လုပ်မိရာက ဒဏ်ရာ အကင်းမသေသေးတာ ဖြစ်ပေမယ့် ဒီရာသီ လီဗာပူးအတွက်ဆို သေသေရှင်ရှင် ကန်မယ်လို့ သူက ဆိုပါတယ်။

ဂျိုတာဟာ ဂိုးမက်စ်ထက် အရင် ဘောလုံးပြန်ကစားနိုင်မှာဖြစ်ကာ သီတင်းပတ်လောက်တော့ အနားယူရဦးမှာ ဖြစ်ပါတယ်။ ပွဲတွေ ပြန်ကစားနေတဲ့ ဂျိုတာဟာ ပြန်လည် ထူထောင်ရေး နောက်ဆုံးအဆင့်ကို ရောက်နေသူဖြစ်ပြီး ဒဏ်ရာ အရှင်းမပျောက်သေးတာ ဖြစ်ပါတယ်။

ဘတ်ဂျက် ဘာမှမရှိတဲ့ အသင်းတစ်သင်းမှာ အကောင်းဆုံး လုပ်ပြနိုင်နေတဲ့ သောမက်စ် ဖရန့်ထံက ချီးကျူးစကားဟာ သူ့အတွက်တော့ အများကြီး အဓိပ္ပာယ်ရှိတယ်လို့ အာနယ် ဆလော့က ပြောပါတယ်။

နည်းပြကတော့ ခံစစ်မှူးက ပေးလာတဲ့ ဘောလုံးကို ပေးချက်တွေ ဒါမှမဟုတ် ကိုယ်တိုင် တိုက်စစ်ထံ ဘောလုံးကိုင် ဖောက်ထွက်နိုင်မယ့် ဘောလုံးကိုင်ကစားနိုင်စွမ်းရှိတဲ့ ကွင်းလယ်အတွင်းလူ လိုချင်တာလို့ ပြောပါတယ်။

နယ်သာလန်သား တစ်ဦးက အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်တဲ့ ကလပ်တစ်သင်း ပရီးမီးယားလိဂ်မှာ ချန်ပီယံဖြစ်တာမျိုး သမိုင်းမှာ မရှိဖူးသေးဘူးလို့ Prime ရဲ့ အင်တာဗျူးမှာ သိခဲ့ရခြင်းကို ဗန်ဒိုက်က အတော်လေး အံ့အားသင့်ခဲ့ပါတယ်။

ပရီးမီးယားလိဂ် ကစားသမားဟောင်း အချို့ကတော့ လက်ရှိ ပရီးမီးယားလိဂ်မှာ လူစာရင်း အင်အားအတောင့်တင်းဆုံး အသင်းအဖြစ် မန်စီးတီး၊ အာဆင်နယ်၊ ချယ်ဆီးတို့ကို ကျော်ပြီး လီဗာပူးကို ရွေးချယ်ခဲ့ပါတယ်။

ဒဏ်ရာရ ကစားသမားတွေချင်း နှိုင်းယှဉ်မယ်ဆိုရင် အာဆင်နယ်က လူနာအများဆုံးအဖြစ် ထိပ်ဆုံးမှာ ရှိနေချိန် လီဗာပူးက လူနာကင်းနေကြောင်းနဲ့ အာဆင်နယ်လို အခြေအနေ လီဗာပူး ရင်ဆိုင်ရရင် အမှတ်ပေးဇယား အဆင့် ၅ လောက်ထိ ရောက်သွားမယ်လို့ ၎င်းတို့ပရိသတ်တွေက အာတီတာဘက်က ကာကွယ် ပြောဆိုပါတယ်။

ဘာစီလိုနာနည်းပြ ဟန်ဇီ ဖီလစ်ကတော့ လက်တလော သူ သဘောကျစွာ စောင့်ကြည့်ဖြစ်နေတဲ့ ဘောလုံးအသင်းက လီဗာပူးအသင်းပဲလို့ ပြောပါတယ်။