သူငယ်ချင်း အရင်းကြီးတွေလို့ ဆိုဘိုနဲ့ ကာ့ဇ်တို့ ထုတ်ပြော၊ သက်တမ်းတိုးလိုတဲ့ အီဘူး၊ လူကြည့်အများဆုံး ပရီးမီးယားလိဂ်ကလပ် ဖြစ်လာခြင်းနဲ့ နံနက်ခင်း လီဗာပူးသတင်းတိုများ

တောင်အမေရိက၊ ဥရောပ၊ အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိကဒေသတွေမှာ လီဗာပူးအသင်းရဲ့ ပွဲစဉ်တွေဟာ လူကြိုက်အများဆုံးဖြစ်လာနေပြီး ဒီရာသီ ပထမဆုံး အမှတ်ပေးပွဲ ၉ ပွဲအတွက်တင် ရုပ်သံပရိသတ် ၁၃၃.၈ သန်းထိရှိနေပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ပရိသတ်တွေ အင်အားတိုးလာနေတဲ့ လီဗာပူးအသင်းဟာ မနှစ်ကတုန်းကလည်း ပရီးမီးယားလိဂ် ပွဲစဉ် ၃၈ ပွဲအတွက် ရုပ်သံကနေ ပရိသတ်ကြည့်နှုန်း ၄၇၁ သန်းထိ ရှိခဲ့ပြီး ပရီးမီးယားလိဂ်မှာ လူကြည့်အများဆုံးအသင်း ဖြစ်ခဲ့ပါတယ်။

မနှစ်ကရာသီမှာ လီဗာပူးအသင်း ခြေချော်ခဲ့သေးပြီး အဲ့လို ခက်ခဲတဲ့ အခြေအနေကနေ သင်ယူနိုင်ရပါမယ်လို့ အသင်းခေါင်းဆောင် ဗန်ဒိုက်က အသိပေးပါတယ်။

မိုဆာလာဟာ သူ့ရဲ့ ကစားသမားဘဝ ပထမအကြိမ်အဖြစ် EA SPORTS FC Team of the Year ထဲမှာ ပါဝင်သွားပါတယ်။

လိုင်လီနဲ့ပွဲမှာ ဗဟိုခံစစ်မှူး ကွမ်းဆက် တည်ငြိမ်စွာ ခြေစွမ်းပြခဲ့ခြင်းကြောင်း ချီးကျူးခံနေရပါတယ်။ အင်္ဂလန်သားဟာ ရာသီစက လူစာရင်းကနေ ဖယ်ထုတ်ခံရအပြီး ယုံကြည်မှုပိုင်း ရုန်းကန်နေရတာဖြစ်ပါတယ်။

ချန်ပီယံလိဂ် အမှတ်ပေးဇယားမှာ လီဗာပူးနဲ့ ဘာစီလိုနာတို့ဟာ အဆင့် ၁ နဲ့ ၂ နေရာတွေမှာ ဆက်ရှိနေမယ်ဆိုရင် ဒီနှစ်သင်းဟာ ဖိုင်နယ်ကလွဲလို့ အခြားသော ရှုံးထွက် အဆင့်တွေမှာ ထိပ်တိုက်တွေ့တော့မှာ မဟုတ်ပါဘူး။

ခံစစ်မှူး အီဘူးဟာ မှန်ကန်တဲ့ စာချုပ်သစ်မျိုး ရမယ်ဆိုရင် လီဗာပူးမှာပဲ ဆက်နေလိုပါတယ်။

အာနယ် ဆလော့ရဲ့ လီဗာပူးအသင်းဟာ ချန်ပီယံလိဂ်မှာ ၅၉၉ မိနစ်ထိ ဂိုးမပေးခဲ့ရဘဲ အသင်းသမိုင်းမှာ အမြင့်ဆုံး ဥရောပစံချိန်ဖြစ်ပါတယ်။

တိုက်စစ်မှူး ဗန်ဒုတ်ဟာ ဇန်နဝါရီမှာ ပရီးမီးယားလိဂ် ကလပ်တွေထံ မရောက်ရှိဘဲ ချန်ပီယံရှစ်ကလပ် မက်ဒယ်ဘရော့မှာပဲ ဆက်နေသွားမှာ ဖြစ်ပါတယ်။

ဘုန်း​မောက် ဘယ်အစွန်လူ မီလို့စ်ကာ့ဇ်က သူနဲ့ ဆိုဘိုစလိုင်ကြား သိပ်ကောင်းတဲ့ ဆက်ဆံရေး ရှိကြောင်း ထုတ်ပြောလာပါတယ်။ ဆိုဘိုစလိုင်ကလည်း သူ့ရဲ့ အခင်ဆုံး သူငယ်ချင်းက မီလို့စ်ကာ့ဇ်ဖြစ်ကြောင်း ပြောပါတယ်။

ဆော်ဒီဘက်က ဇန်နဝါရီမှာ ဒါဝင်ကို ကမ်းလှမ်းခွင့် မသာပါက နောက်ထပ် ပစ်မှတ်တွေကို ပြောင်းရွှေ့ကြိုးစားသွားမှာပါ။