

ချန်ပီယံလိဂ် အုပ်စုအဆင့်ပွဲ နောက်ဆုံးပွဲ မကန်ရသေးခင်ကို လီဗာပူးအသင်းဟာ ဆုကြေး ယူရို ၉၈ သန်း ဝန်းကျင်ဖြင့် အများဆုံး ရရှိနေပါပြီ။ ချန်ပီယံလိဂ်ဟာ အဆင့်နဲ့ နိုင်ပွဲအလိုက် ဆုကြေးတွေပေးနေရာမှာ လီဗာပူးက ၇ ပွဲလုံး နိုင်ထားပြီး ဇယားထိပ် ရောက်နေတာပါ။
ဒီရာသီ ချန်ပီယံလိဂ်မှာ ဘောလုံး ဝင်လုမှုနဲ့ ဖြတ်တောက်မှုကို အကြိမ် အများဆုံး လုပ်ထားတဲ့ ကစားသမားက ဂရာဗင်ဘက်ချ်ဖြစ်ပြီး ၃၄ ကြိမ်ဖြစ်ပါတယ်။
အင်တာမိုင်ယာမီအသင်း ကစားသမား Jordi Alba က အန်ဖီးမှာ ဘာစီလိုနာနဲ့အတူ လီဗာပူးကို ၄-၀ ဖြင့် ရှုံးနိမ့်ခဲ့တာက အရမ်းကို ဆိုးရွားတဲ့ ညတစ်ညပါပဲလို့ ထုတ်ပြောလာပါတယ်။
လီဗာပူးအသင်းဟာ ကစားသမားခေါ်ယူရေး ဌာနအတွက် ရာထူးသစ်တွေ ဆက်ဖြည့်နေပြီး ဥရောပကို ကင်းထောက်နေမှုအား အကုန်အကျကြီးတွေ သုံးပြီး ပိုမို ဖြန့်ကျက်လာနေပါတယ်။
FSG ရဲ့ နောက်ထပ်ပလန်အဖြစ် multi-club model ကို တည်ဆောက်နိုင်ရေး လီဗာပူးအသင်းရဲ့ ကင်းထောက် ၃ ဦးက ဥရောပ အနောက်ဘက်နဲ့ မြောက်ဘက် တလွှားမှာ လေ့လာမှု ပြုလုပ်နေပါတယ်။
၂၀၂၃-၂၀၂၄ ဘောလုံးရာသီ လီဗာပူးအသင်းရဲ့ လုပ်ခစာရင်း ထွက်ပေါ်နေပြီး ပေါင် ၁၄ သန်း ထပ်မံမြင့်တက်နေကာ ပေါသ် ၃၈၇.၂ သန်း ကုန်ကျထားပါတယ်။ အသင်းသမိုင်းတစ်လျှောက် အမြင့်ဆုံး လုပ်ခ ပမာဏလည်း ဖြစ်လာပါတယ်။
ဟန်ဒါဆန်၊ ဖာဘင်ညို၊ ဖာမင်နို၊ ချိန်ဘာလိန်တို့ ထွက်ခွာသွားတဲ့ကြားက အသင်းရဲ့ လုပ်ခ မြင့်တက်လာနေခြင်းကို ထောက်ပြမှုတွေ ရှိနေပါတယ်။ အသင်းဟာ သူတို့နေရာမှာ ဆိုဘို၊ မာကာ၊ ဂရာဗင်ဘက်ချ်၊ အန်ဒိုတို့ကို ပြန်လည် ခေါ်ယူထားပါတယ်။
၂၀၂၄ ခုနှစ်အတွက် လီဗာပူးအသင်းရဲ့ ဝင်ငွေစုစုပေါင်းဟာ ယူရို ၇၁၄.၇ သန်းဖြစ်ပါတယ်။ ဒီပမာဏဟာ ထိပ်ဆုံးက ရီးရဲလ်မက်ဒရစ်ထက် ယူရို သန်း ၃၀၀ ဝန်းကျင် နည်းပါးကာ ကမ္ဘာ့ဝင်ငွေအကောင်းဆုံး အသင်းများစာရင်းမှာ မန်စီးတီး၊ ယူနိုက်တက်၊ အာဆင်နယ်တို့နောက် အဆင့် ၈ နေရာက ရှိနေစေပါတယ်။
ဘယ်အစွန်အတွက် လီဗာပူးအသင်း သဘောကျတဲ့ ကစားသမားတစ်ဦးက ဘင်ဖီကာမှ Álvaro Carreras ဖြစ်ပါတယ်။ စပိန်သားဟာ ဘုန်းမောက်အသင်းမှ မီလိုစ့် ကာဇ့်နဲ့ ကစားဟန်ကွဲပြားတဲ့ ဘယ်အစွန်လူတစ်ဦးဖြစ်ပါတယ်။
မိုဆာလာရဲ့ လက်ရွေးစင် အသင်းဖော် မာမိုစ့်ဟာ မန်စီးတီးထံ ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။