ဖလားပြိုင်ဆိုင်မှုနဲ့ ပတ်သတ်ပြီး လီဗာပူးကို သတိပေးလာတဲ့ အာဆင်နယ်နည်းပြ အာတီတာ

ပရီးမီးယားလိဂ်ဖလား ပြိုင်ဆိုင်မှုမှာ အာဆင်နယ်က လက်လျော့သွားမှာ မဟုတ်ဘဲ လီဗာပူးကို ကျော်ဖြတ်နိုင်ရေးအတွက် အဆုံးထိ အားထုတ်မယ်လို့ အာတီတာက သတိပေးလာပါတယ်။

အဆင့် ၁ နဲ့ ၂ နေရာက အသင်းတွေဟာ ရမှတ် ၆ မှတ် ကွာဟနေတာဖြစ်ကာ လီဗာပူးအသင်းဘက်က ပွဲကျန် ၁ ပွဲကစားရဖို့ ကျန်ရှိနေပါတယ်။ ဒီအနေအထားကို လျော့ချနိုင်ရေး အာဆင်နယ်ဘက်က ထိပ်တန်း ကစားသမားတစ်ဦး ခေါ်ယူအားဖြည့်နိုင်ဖို့ အားထုတ်နေပြီဖြစ်ပါတယ်။

အမှတ်ပေးဇယား ထိပ်ဆုံးနေရာနဲ့ ကွာဟချက်နဲ့ ပတ်သတ်လို့ အာဆင်နယ် နည်းပြအာတီတာက ” ပရီးမီးယားလိဂ်ဖလား ပြိုင်ဆိုင်မှုမှာ ကွာဟချက်က သိပ်ပြီးရှိလှတယ်လို့ မဟုတ်ဘူး၊ သေးသေးလေးလောက် ရှိနေတာပါ ” လို့ ပြောပါတယ်။

လီဗာပူးနဲ့ အာဆင်နယ်တို့ဟာ ၂၀၂၅ ခုနှစ်ထဲမှာ ရလဒ်တွေ ကွာခြားနေတာမျိုး မဟုတ်ဘဲ တစ်သင်းသင်းက ရလဒ် အပြတ်အသတ် သာနေတာမျိုးတော့ မရှိပါဘူး။ လီဗာပူး သရေကျချိန်မှာ အာဆင်နယ်က ခပ်မြန်မြန် နီးကပ်လာပြီး ၎င်းတို့ သရေကျချိန် နှစ်သင်းကြား ကွာဟချက်က ပိုကြီးသလို ဖြစ်လာနေတယ်။

အာတီတာကတော့ လီဗာပူးအသင်း ခြေချော်လိုက်တာနဲ့ ယခင်အတိုင်း အာဆင်နယ်က ပြန်ပြီး နီးကပ်လာဦးမှာဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

အာတီတာကပဲ ” ပြီးခဲ့တဲ့အပတ်မှာ ကိစ္စတွေ ဘယ်လိုဖြစ်သွားလဲဆိုတာကို အားလုံးလည်း မြင်ကြပါလိမ့်မယ်။ အနေအထား အနည်းငယ်လောက် ပြောင်းလဲသွားတာနဲ့ အမှတ်ပေးဖလား ပြိုင်ဆိုင်မှုမှာ အခြေအနေက ရုတ်တရတ် အများကြီး ခြားနားသွားပါတယ်။

ကျနော်တို့တွေ ဆက်လက် ယှဉ်ပြိုင်ရပါမယ်။ အခြေအနေက ကျနော်တို့ လက်ထဲမှာ ရှိနေဆဲပါ။ ဘောလုံးရာသီ ပြီးဆုံးဖို့ အဝေးကြီး ကျန်နေသေးတာ ဖြစ်ပါတယ် ” လို့ ပြောပါတယ်။

ဒီအပတ်မှာ လီဗာပူးအသင်းဟာ အစ်ဝစ်ချ်ကို အိမ်ကွင်းမှာ ဧည့်ခံရမှာဖြစ်ကာ အာဆင်နယ်ကတော့ ဝုဗ်အသင်းနဲ့ အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။