

ဂျိုတာနဲ့ ဂိုးမက်စ်တို့ လေ့ကျင့်ရေး ဆက်လက် လွဲချော်နေကြပြီး ကွင်းလယ်လူ ကာတစ်ဂျုံးကလည်း လာမယ့် ၂ ပွဲမှာလည်း ပါဝင်နိုင်ဖို့ မသေချာသေးပါဘူး။
ဘယ်လောက်ပဲ ကောင်းမွန်တဲ့ ကမ်းလှမ်းခံရမှုဖြစ်ပါစေ ဒါဝင် နူးညက်စ်ကို ဇန်နဝါရီမှာ ထွက်ခွင့်မပေးဖို့ လီဗာပူးဘက်က ဆုံးဖြတ်ထားပါပြီ။ အန်ဒိုနဲ့ ခီယေဆာတို့ကိုလည်း ထွက်ခွင့်ပေးမှာ မဟုတ်ပါဘူး။
အီဘူးဟာ ဒူးဒဏ်ရာရှိနေဆဲဖြစ်ပေမယ့် ပွဲနေ့တွေကို ကစားပေးဖို့ အဆင်ပြေတယ်လို့ နည်းပြအာနယ် ဆလော့က ပြောပါတယ်။ သူ့အတွက် အဓိက စိန်ခေါ်မှုက ၃ ရက် တစ်ပွဲကို ကစားပေးဖို့ အဆင်သင့်ဖြစ်ပြီလားဆိုတဲ့ နောက်ဆုံးသော ကြံ့ခိုင်ရေး စမ်းသပ်မှုကြီးပဲဖြစ်ပါတယ်။
ဟာဗေးထံက အကောင်းဆုံး စွမ်းဆောင်ရည်တွေ ဆက်ပြဖို့ အာနယ် ဆလော့က စိန်ခေါ်လိုက်ပြီး လူငယ်ကြယ်ပွင့်ဟာ အသင်းဖော် ၅ ဦးနဲ့အတူ ပွဲထွက်ခွင့်အတွက် ပြိုင်ဆိုင်နေရသူလို့ ထုတ်ပြောပါတယ်။
လီဗာပူးအသင်းမှာ ဖလားအောင်မြင်သူတွေထဲက တစ်ဝက်လောက်က ထွက်သွားကြပြီဖြစ်လို့ သူတို့ အသင်းကနေ ထွက်ခွာခြင်း မတိုင်ခင် နောက်မျိုးဆက်အတွက် အသင်းဟာ ဆုဖလား အောင်မြင်သွားဖို့ လိုတယ်လို့ ဆာလာက ပြောပါတယ်။
ဂရာဗင်ဘက်ချ်ကို ခေါ်ယူရေး အသုံးစရိတ်ထုတ်ဖို့ဟာ ယာဂင်ကလော့ပ်က FSG ကို စည်းရုံးခဲ့တာလို့ မာဆေးဆိုဒ်သတင်းထောက်တွေက ဖော်ပြခဲ့ပါတယ်။
ဒီရာသီ ၁ ပွဲလျော့ကစားထားတဲ့ လီဗာပူးအသင်းဟာ ရမှတ် ၅၀ ရနေပြီဖြစ်ကာ စပါးနဲ့ ယူနိုက်တက် နှစ်သင်းပေါင်း ရမှတ် ၅၀ နဲ့ တူညီနေပါတယ်။
ဘုန်းမောက် တိုက်စစ်သမား ဂျက်စတင် ဂလုဗက်ကတော့ ဆာလာနဲ့ ဟာဇက်မှာ သူ့ရဲ့ အကြိုက် ကစားသမားက ဆာလာပါလို့ ပြောပါတယ်။
ဆော်ဒီကလပ်တစ်သင်းဟာ ဇန်နဝါရီမှာ ဒါဝင်ကို တစ်ပတ် ပေါင် ၆ သိန်းဝန်းကျင်ထိ လုပ်ခပေးပြီး ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။
လီဗာပူးကစားသမားဟောင်း ချာလီအဒမ်ဟာ တည်ကန်ဘော နည်းပြအဖြစ် ဒေးဗစ်မိုးယက်စ်ရဲ့ အဲဗာတန်အသင်းထံ ရောက်ရှိသွားပါပြီ။