

အစ်ဝစ်ချ်ကို ၄-၁ ဖြင့် အနိုင်ရတဲ့ပွဲမှာ နည်းပြအာနယ် ဆလော့က အသင်းသား ၂ ဦးကို ထုတ်ဖော်ချီးကျူးသွားခဲ့တယ်။
အဖွင့်ဂိုး သွင်းယူပေးတဲ့ ဆိုဘိုစလိုင်ကို ပရိသတ်တွေက လုံလောက်တဲ့ အသိအမှတ်ပြုမှု မလုပ်ပေးကြသေးဘူးဆိုကာ ဟန်ဂေရီသားရဲ့ အားထုတ်မှုကို မီဒီယာထက်ကနေ အသားပေးသွားခဲ့ပါတယ်။
” တကယ်တမ်းမှာ ဆိုဘိုစလိုင်းဟာ လုံလောက်တဲ့ အသိအမှတ် ပြုမှုတွေကို မရပါဘူး။ သူ့ရဲ့ အံ့မခန်းတဲ့ လှုပ်အားနှုန်တွေကြောင့် အသင်းအတွက် အရမ်းကို အရေးပါတဲ့ ကစားသမားဖြစ်ပါတယ်။
” ဆိုဘိုက အမြင့်ဆုံးသော အားထုတ်မှုတွေဖြင့် တရစပ် ပြေးလွှားပေးနေတယ်။ အဲ့ဒါက အသင်းရဲ့ ပြိုင်ဆိုင်နိုင်မှုအတွက် သိပ်ကိုမှ အရေးကြီးပါတယ် ” လို့ အာနယ် ဆလော့က ပြောပါတယ်။
ပွဲအတွင်းမှာ ပြိုင်ဘက် ကစားသမားက အသက်ပါ ဆုံးပါးနိုင်လောက်တဲ့ အရှိုက်တည့်တည့်ကို ဒူးနဲ့ ဝင်တိုက်ခံရမှုကနေ ပြန်ထကစားပေးခဲ့တဲ့ အန်ဒိုရဲ့ မာကျောမှုကို အာနယ် ဆလော့က အလေးအနက် အသိအမှတ် ပြုခဲ့ပါတယ်။
Wataru Endo was at the end of this murder, got treatment, didn’t complain one bit, stood up and jumped into the next challenge like nothing happened.
Absolute warrior our Wata 🫶
— Maty 🔴 (@Ma6eS_9) January 26, 2025
နည်းပြကြီးက “ လူချခံလိုက်ရချိန်မှာ ကျနော် အတွေးထဲမှာတော့ သွားပြီ ဒါကြီးက အဆင်မပြေဘူးလို့ ထင်မိခဲ့တယ်။ အဲ့မှာ သူ့နားက အသင်းဖော်တွေက ဘာမှမလုပ်သေးဘဲ စောင့်ကြည့်ဦးဆိုတဲ့ သဘောမျိုးတွေ ပြသနေပါတယ်။
ဒါပေမယ့် ချက်ခြင်းပဲ ကစားပွဲက ပြန်စခဲ့သလို အန်ဒိုကလည်း သူခေါင်းကို နှစ်ကြိမ်၊ သုံးကြိမ်လောက် ခါယမ်းပြီး ချက်ခြင်းထကစားတော့တာပဲ။ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုက မယုံနိုင်စရာပါ။ သူ အဆင်ပြေပါတယ်။ ” လို့ ဆိုခဲ့သေးတာ ဖြစ်ပါတယ်။