ဗန်ဒိုက် ညွှန်းတဲ့ ကမ္ဘာ့အဆင့် ကစားသမား၊ ဂျိုတာ အကြိုက်ဆုံး အသင်းဖော် ၃ ဦး၊ လာမယ့် အမှတ်ပေးပွဲ ၅ ပွဲ နဲ့ နံနက်ခင်း လီဗာပူးသတင်းတိုများ

အသင်းဖော် ဂရာဗင်ဘက်ချ်ဟာ ပိုကောင်းလာဦးမယ့် ကမ္ဘာ့အဆင့် ကစားသမား တစ်ဦးလို့ ဗန်ဒိုက်က ညွှန်းဆိုလိုက်ပါတယ်။

ဘုန်းမောက်နည်းပြ ရာအိုလာက လီဗာပူးကို ရင်ဆိုင်ကစားမယ့်ပွဲမှာ သူတို့အသင်းရဲ့ ချဉ်းကပ်ပုံကို ပြောင်းလဲသွားမှာ မဟုတ်ကြောင်း ထုတ်ပြောလာပါတယ်။

သူ့ရဲ့ လီဗာပူးကစားသမားဘဝ အကြိုက်ဆုံး အသင်းဖော် ၃ ဦးကို ရွေးချယ်ပေးဖို့ တောင်းဆိုခံရချိန်မှာ ဂျိုတာက ထရန့်၊ မာတစ်၊ မာကာတို့ကို ရွေးပါတယ်။

လီဗာပူးအသင်းမှာ သူ ဘယ်လောက်ကြာကြာ ကစားရမယ့် မသိပေမယ့် ရာသီကုန်ထိ ကစားပေးနိုင်ဖို့တော့ သေချာပါကြောင်း ဗန်ဒိုက်က ပြောပါတယ်။

လီဗာပူးအသင်းရဲ့ လာမယ့် အမှတ်ပေးပွဲ ၅ ပွဲကတော့ ဘုန်းမောက် (အဝေးကွင်း)၊ အဲဗာတန် (အဝေးကွင်း)၊ ဝုဗ် (အိမ်ကွင်း)၊ မန်စီးတီး (အဝေးကွင်း)၊ နယူးကာဆယ် (အိမ်ကွင်း) ပွဲတွေပဲဖြစ်ပါတယ်။

လက်ရှိ လီဗာပူးအသင်းဟာ ပွဲချိန်တွင်းမှာပဲ ကစားဟန် ၂ မျိုးကနေ ၃ မျိုးလောက်ထိ ပြောင်းကစားနေပြီး ပွဲအတွင်းမှာပဲ ကောင်တာ၊ ဖိအားပေးမှုနဲ့ ခံစစ်ကနေ ကစားကွက် တည်ဆောက်မှုတွေကို သင့်လျော်သလို ဟန်ချက်ညီညီ ကစားနေတယ်လို့ ဂယ်ရီနဗီးက ဆိုပါတယ်။

ဖောရက်စ်လို အသင်းကိုတောင် ၅ ဂိုး သိပ်လွတ်လိုက်တဲ့ ဘုန်းမောက်ဟာ ခက်ခဲတဲ့ ပြိုင်ဘက်ဖြစ်လာမယ်လို့ အသင်းပရိသတ်တွေ ကိုယ်တိုင်က ရှုမြင်နေကြပါတယ်။

မီလို့စ်ကာဇ့်က ဇန်နဝါရီမှာ သူ လီဗာပူးအသင်းထံ ပြောင်းမှာ မဟုတ်ကြောင်း အတည်ပြုသွားပါတယ်။

လာလီဂါကလပ် အချို့က ဘာ့ဆဲတစ်ကို အငှားခေါ်ယူဖို့ စိတ်ဝင်စားနေဆဲဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ လက်တလောထိတော့ သူ့ကို ဆဲလ်ဘတ်မှာပဲ ဆက်လက် အငှားချဖို့ စီစဉ်ထားပါတယ်။