

၂၀၂၄-၂၀၂၅ ဘောလုံးရာသီ တည်ကန်ဘော အညံ့ဆုံး ၂ သင်းထဲမှာ လီဗာပူးလည်း ပါဝင်နေပါတယ်။ ဒီရာသီ လီဗာပူးထက် တည်ကန်ဘော ပိုညံ့တာဆိုလို့ ဖူလ်ဟမ်ပဲ ကျန်ရှိပါတယ်။
ပရီးမီးယားလိဂ်ဘက်ကတော့ မနှစ်ကရာသီ မာကာကို ဒိုကူ ခြေထောက်နဲ့ ဝင်ခြင်းလို လုပ်ရပ်ကို igh foot challenge/foul အဖြစ် ဥပမာပေး ဓါတ်ပုံအနေနဲ့ သုံးထားပါတယ်။ အဆိုပါ ဖောင်းဖြစ်ခဲ့တုန်းက ကွင်းလယ်ဒိုင်ဟာ ဘာပြစ်ဒဏ်မှ မပေးခဲ့ဘဲ လီဗာပူးရသင့်တဲ့ ပင်နယ်တီကို ငြင်းဆန်ထားတာပါ။
ဒီအပတ် အလန်ရှီးယားရဲ့ အကောင်းဆုံးအသင်းနဲ့ နည်းပြ ရွေးချယ်မှုမှာ လီဗာပူးက ၃ ဦးနဲ့ ဘုန်းမောက်မှ ၃ ဦးတို့ ပါဝင်လာပါတယ်။ ဒီနှစ်သင်းဟာ လာမယ့်ပွဲမှာ ထိပ်တိုက်တွေ့ကြမှာပါ။
အစ်ဝစ်ချ်ပွဲမှာ ဗန်ဒိုက်ဟာ အဆုံးသတ်ပိုင်း final third ထဲကို ဘောလုံး ၂၈ ကြိမ် ပို့နိုင်ခဲ့ပြီး ကိုနတေးက ၂၁ ကြိမ် ပို့နိုင်ခဲ့ပါတယ်။
လီဗာပူးနဲ့ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်ကို ကျော်ဖြတ်ပြီး ဖိုင်နယ်ရောက်ခြင်း မရှိခဲ့ရင် စပါးအသင်းက သူတို့နည်းပြကို ထုတ်ပယ်လိမ့်မယ်လို့ ဖော်ပြနေပါတယ်။ ပထမအကျော့ပွဲကို စပါးက အနိုင်ရထားပါတယ်။
အေဂျက်အသင်း ဘယ်အစွန်လူ Hato ဟာ ဇန်နဝါရီမှာ အသင်းပြောင်းမှာ မဟုတ်ပါဘူး။ ဆယ်ကျော်သက်လေးဟာ ပြီးခဲ့တဲ့ အပတ်က အန်ဖီးကွင်းကို လာရောက်ခဲ့သလို ဗန်ဒိုက်နဲ့ပါ တွေ့ဆုံခဲ့သေးတာ ဖြစ်ပါတယ်။
ဟာတို အန်ဖီးကွင်းကို လာရောက်ခြင်းဟာ ဂရာဗင်ဘက်ချ်ရဲ့ ဖိတ်ကြားမှုကြောင့်လို့ သိရပါတယ်။
ဘာစီလိုနာ တိုက်စစ်သမား ဖာရန် တောရက်စ်က ဗလန်စီယာ ဂိုးသမား မာမာဒီရှီုဗီလီကို ဘာကြောင့် အသင်းမပြာင်းသေးလဲ မေးရာမှာ ဂျော်ဂျီယာသားကတော့ အယ်လီဆန် ရှိနေသေးလို့ဖြစ်ကြောင်း လာလီဂါတီဗီမှာ ပါဝင်သွားပါတယ်။