

ဒီရာသီ ပရီးမီးယားလိဂ်မှာ တောက်ပနေတဲ့ ဖောရက်စ် တိုက်စစ်မှူး ခရစ်ဝုဒ်ကတော့ တစ်ဦးချင်း ရင်ဆိုင်ရ အခက်ခဲဆုံး ပြိုင်ဘက် ကစားသမားအကြောင်း မေးမြန်ခံခဲ့ရပါတယ်။
မနှစ်ကရာသီ ဖောရက်စ်အတွက် ပရီးမီးယားလိဂ်ကို ၁၅ ဂိုးထိ သွင်းခဲ့တဲ့ ခရစ်ဝုဒ်ဟာ ဒီရာသီမှာလည်း ၂၃ ပွဲကစားအပြီး ပရီးမီးယားလိဂ်ကို ၁၄ ဂိုးထိ ရထားပါတယ်။ အသက် ၃၃ နှစ်အရွယ် ခံစစ်မှူးဟာ အန္တရာယ်ကြီးတဲ့ နံပါတ် ၉ သမားအဖြစ် အကောင်းဆုံး စွမ်းဆောင်ပြနေတယ်။
သူ့လို ဝါရင့် ကစားသမား တစ်ယောက်အတွက် one on one အခြေအနေအတွင်း ရင်ဆိုင်ဖူးသမျှထဲ အခက်ခဲဆုံး ပြိုင်ဘက်အကြောင်း မေးခံရချိန်မှာ ခရစ်ဝုဒ်ကတော့
” ကျနော် အမြဲပြောပါတယ်။ လက်တလောမှာ ဗန်ဒိုက်က ရင်ဆိုင်ရ အခက်ခဲဆုံး ပြိုင်ဘက် ခံစစ်သမားတစ်ဦးဖြစ်ပါလိမ့်မယ်။ သူက အကောင်းဆုံး ခံစစ်သမားတစ်ဦးပါ။
ဒါပေမယ့် အတိတ်မှာတုန်းကတော့ လီဗာပူးအသင်းအတွက်ပဲ ကစားခဲ့တဲ့ စကာတယ်က အတော်လေး ရင်ဆိုင်ရ ခက်ခဲပါတယ်။ စကာတယ်ဟာ ကျနော်တို့လို တိုက်စစ်သမားတွေကို ဘယ်တော့မှ အနားမရအောင် အမြဲတမ်း ဖိအားပေးနေတတ်တဲ့ ကစားသမားမျိုးဖြစ်တယ်။
တိုက်စစ်သမားတစ်ယောက် အကြောက်တရား ဝင်လာလောက်အောင်ကို အမြဲတမ်း တွန်းထိုး ရိုက်ပုပ်မှုတွေကိုလည်း လုပ်နေတတ်သူပါ။ ကျနော်အတွက်တော့ သူက ရင်ဆိုင်ရ အခက်ခဲဆုံး ခံစစ်မှူးပါ။ ” လို့ ဖြေဆိုသွားတာဖြစ်ပါတယ်။
တချိန်ကတော့ ပီပီရေနာ၊ စကာတယ်နဲ့ အဂ္ဂါအတွဲဟာ အင်္ဂလန်လိဂ်ရဲ့ အကောင်းဆုံး ခံစစ်ကြောင်းတွေထဲ ပါဝင်တဲ့ထိ စွမ်းဆောင်ပြခဲ့ဖူးတာ ဖြစ်ပါတယ်။