

ဒီနွေမှာ လူသစ် ခေါ်ယူရေး အသင်းဘက်က အားထုတ်နေပြီဖြစ်ကြောင်း နည်းပြ အာနယ် ဆလော့က အသိပေးလာပါတယ်။
လီဗာပူးအသင်း ကစားသမား ခေါ်ယူမှုအသင်းဟာ အက်ဆာမှာ ဘယ်လို ကစားသမားတွေကို ခေါ်ယူမလဲ ဆိုတဲ့ ကိစ္စအတွက် ဆွေးနွေးမှု လုပ်ခဲ့ကြပါတယ်။
ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုအဆင့် ၈ ပွဲအပြီး လီဗာပူးအသင်းဟာ ဆုကြေး ပေါင် ၈၂.၇ သန်း ရရှိသွားမှာဖြစ်ပါတယ်။
လီဗာပူးအသင်းရဲ့ ချန်ပီယံလိဂ် လမ်းကြောင်းမှာတော့ ၁၆ သင်းအဆင့်မှာ အမြင့်ဆုံးအဖြစ် ပီအက်စ်ဂျီနဲ့ တွေ့ဆုံနိုင်တာကလွဲလို့ ပြိုင်ဘက်ချောင်နေပြီး ကွာတားအဆင့်မှာလည်း ချောင်နေပါတယ်။
စတီဗင်ဂျရတ်ဟာ ဆော်ဒီကလပ် Al Ettifaq အသင်းရဲ့ မန်နေဂျာ ရာထူးကနေ ထွက်ခွာပြီဖြစ်ပါတယ်။ ဂျရတ်ဟာ ဆော်ဒီမှာတော့ ထင်သလောက် အဆင်မပြေခဲ့ပါဘူး။
ကွင်းလယ်လူ မက်ကော်နယ်ကို နည်းပြဆလော့က သဘောကျတာကြောင့် ရာသီဝက်မှာ အငှားချဖို့ ပိတ်ထားလိုက်ပြီလို့ သတင်းထွက်နေပါတယ်။
ပီအက်စ်ဗီနဲ့ ချန်ပီယံလိဂ်ပွဲမှာ အဝေးကွင်း ပရိသတ်တွေဟာ ကျော်ကြားတဲ့ A Liverbird Upon My Chest ဆိုတဲ့ သီချင်းကို ပြန်လည် ဖော်ထုတ်လာကြပါတယ်။
A TEAM THAT PLAYS THE LIVERPOOL WAY ✊
For the last 10 minutes in Eindhoven 🎶 pic.twitter.com/vXhQghTYsi
— The Redmen TV (@TheRedmenTV) January 29, 2025
ကွင်းလယ်လူ ဘာ့ဆဲတစ်ဟာ လက်ကျန် ဘောလုံးရာသီမှာ လာလီဂါကလပ် Las Palmas အသင်းထံ ပြောင်းရွှေ့ကစားပါမယ်။
ဘောလုံးဂန္တဝင်တစ်ဦးဖြစ်တဲ့ နည်းပြ Arrigo Sacchi က သူ့ကို စိတ်လှုပ်ရှားမှု အပေးနိုင်တဲ့ အသင်းကတော့ ပရီးမီးယားလိဂ်မှာ အရှိန်အဟုန်ဖြင့် ရှေ့ဆက်နေတဲ့ လီဗာပူးအသင်းဖြစ်ကြောင်း ထုတ်ပြောလာပါတယ်။
ဝက်စ်ဟမ်းအသင်းဟာ ကွင်းလယ်လူ တေလာ မော်တန်ကို ခေါ်ယူဖို့ ကြိုးစားဖွယ် ရှိပေမယ့် အပြောင်းအရွှေ့ ဖြစ်မြောက်နိုင်ဖို့ မသေချာသေးပါဘူး။
လီဗာပူးအသင်းခေါင်းဆောင်ဟောင်း ဟန်ဒါဆန်ဟာ ပြင်သစ်ကလပ် မိုနာကိုထံ ပြောင်းခွင့်ပေးဖို့ အေးဂျက်ကို တောင်းဆိုထားပါတယ်။ မိုနာကိုဟာ ချန်ပီယံလိဂ် ရှုံးထွက်မှာ လီဗာပူးနဲ့ ထိပ်တိုက်တွေ့နိုင်တဲ့ အသင်း ၄ သင်းထဲက ၁ သင်းဖြစ်ပါတယ်။