မီလိုစ့်ကာ့ဇ် သတင်း၊ ဘရိုက်တန်နောက် ပါတော့မယ့် ဂရိတိုက်စစ်မှူး၊ သန်း ၂၀၀ ကျော် ထပ်သုံးနိုင်တဲ့ ပြိုင်ဘက်အသင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

ပရီးမီးယားလိဂ် ပွဲစဉ် ၂၄ အပြီးမှာတော့ ၁ ပွဲလျော့ကစားထားတဲ့ လီဗာပူးအသင်းဟာ ဒုတိယနေရာက အာဆင်နယ်ကို ၆ မှတ် ဖြတ်ထားပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၅၀ အထက် သွင်းထားနိုင်တာ လီဗာပူး တစ်သင်းပဲ ရှိထားသလို ခံစစ်ပိုင်းမှာလည်း ပေးဂိုး ၂၁ ဂိုးဖြင့် အနည်းဆုံး ဂိုးပေးထားရတဲ့ အသင်းလည်းဖြစ်ပါတယ်။

အာဆင်နယ်ကို ရင်ဆိုင်ကစားတဲ့ပွဲမှာ မန်စီးတီးရဲ့ ကျဆင်းနေမှုဟာ ချန်ပီယံလိဂ်အသင်း အဆင့်တောင်မရှိဘဲ ဂွာဒီယိုလာဟာ သူ့အသင်းကို ပြန်တည်ဆောက်ဖို့ဆိုရင် နွေမှာ ပေါင် သန်း ၂၀၀ လောက် သုံးစွဲသွားနိုင်တယ်လို့ အသံထွက်နေပါတယ်။

ထရန့်ဟာ ပြင်းထန် ဒဏ်ရာကို ရှောင်လွဲနိုင်ခဲ့ပြီး သီတင်းပတ် ၁ ပတ် ဝန်းကျင်လောက် အနားယူလိုက်တာနဲ့တင် ဘောလုံးပြန်ကစားနိုင်မှာပါ။

လီဗာပူးရဲ့ လာမယ့် အမှတ်ပေးပွဲ ၄ ပွဲကတော့ အဲဗာတန် (အဝေး)၊ ဝုဗ် (အိမ်ကွင်း)၊ မန်စီးတီး (အဝေး) နဲ့ နယူးကာဆယ် (အိမ်ကွင်း) ပွဲစဉ်တွေပဲဖြစ်ပါတယ်။

အင်္ဂလန်ပြည်တွင်းမှာ အပြောင်းအရွှေ့ စျေးကွက် မပိတ်သေးတာကြောင့် လီဗာပူး တိုက်စစ်မှူး ဂျေဒန်ဒန့်စ့်ကို အငှားဖြင့် ခေါ်ယူနိုင်ရေး ဟူးစီးတီးဘက်က အရှိန်မြင့် အားထုတ်နေပါတယ်။

ဘုန်းမောက်ပွဲမှာ ပွဲကို ကိုင်တွယ်ခဲ့တဲ့ ဒိုင်တွေဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို လုပ်ခဲ့ကြတယ်လို့ အဲဗာတန်ကစားသမားဟောင်း အန်ဒီဂရေးတို့က ထောက်ခံခဲ့ပါတယ်။

အာဆင်နယ်ပရိသတ်တွေဟာ သူတို့ပွဲစဉ်မှာ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက် ငြင်းစရာမရှိတဲ့အခါ လီဗာပူးပွဲတွေအတွင်း ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်ကို လိုက်လံ ငြင်းခုံမှုတွေ ပြုလုပ်နေကြပါတယ်။

ဘုန်းမောက်အသင်း ဘယ်အစွန်လူ မီလိုစ့်ကာဇ့်ဟာ ဒီနွေမှာ အသင်းပြောင်းနိုင်ပါတယ်လို့ လက်ရွေးစင်အသင်း နည်းပြက အတည်ပြုလာပါတယ်။

လီဗာပူးအသင်း စောင့်ကြည့်မှုတွေ ပြုလုပ်နေတဲ့ ဂရိတိုက်စစ်မှူး Stefanos Tzimas ကို ဘရိုက်တန်ဘက်က ခေါ်ယူသွားဖို့ နီးစပ်နေပါတယ်။