

လီဗာပူးအသင်းက ဘုန်းမောက်ကို ၂-၀ ဖြင့် အနိုင်ရတဲ့ပွဲမှာ ဆာလာရဲ့ ဒုတိယဂိုးနဲ့ ပတ်သတ်လို့ ပြိုင်ဘက်ပရိသတ်ရဲ့ တုန့်ပြန်မှုဟာ လူမှုကွန်ယက်မှာ ရေပန်းစားနေပါတယ်။
ပထမပို်င်းကို ဆာလာရဲ့ ပင်နယ်တီဖြင့် ဦးဆောင်ထားတဲ့ လီဗာပူးအသင်းဟာ ဒုတိယပိုင်းမှာတော့ အီဂျစ်သားရဲ့ ကောင်းမွန်တဲ့ ပိတ်ချက်ဖြင့် ပြတ်သားတဲ့ နိုင်ပွဲကို ရယူစေခဲ့တာပါ။
ပွဲအပြီး ထွက်ပေါ်လာတဲ့ ဗီဒီယို တစ်ခုမှာတော့ ကွင်းလယ်ကနေ ကာတစ်ဂျုံးက ညာခြမ်းမှာ ရှိနေတဲ့ မိုဆာလာကို ဘောလုံးခင်းပေးခဲ့တယ်။ ဆာလာက ခြေယောင်တစ်ချက်ပြလိုက်ချိန်မှာတင် ဘုန်းမောက်ပရိသတ်က ” အား ချီးထုတ်ပါကွာ.. သူ သွင်းတော့မယ်ဟ ” လို့ အော်ဟစ်နေတုန်း ဂိုးကန်သွင်းခဲ့တာ ဖြစ်ပါတယ်။
A Bournemouth fan knew Mohamed Salah was gonna score even before he took the shot
"oh sh*t he's gonna do that finesse" 🤣🤣pic.twitter.com/WW1Fi4XFHK
— . (@StanSalah11) February 1, 2025
ညာခြမ်းကနေ ဂိုးသမားရဲ့ ညာဘက်ဒေါင့်ကို ဝှေ့ဝိုက်ကန်သွင်းပြီး ဂိုးသွင်းနိုင်မှုဟာ ဆာလာရဲ့ အမှတ် လက္ခဏာလိုတောင် ဖြစ်လာနေတယ်။ ဆာလာက ဘယ်လိုနေရာကနေ ဂိုးယူနိုင်တယ်ဆိုတာကို ပြိုင်ဘက် ပရိသတ်တွေကအစ သိရှိနေပေမယ့် လက်တွေ့မှာ တားဆီးဖို့ရာ လွယ်ကူခြင်းတော့ မရှိပါဘူး။
ဘုန်းမောက်ပွဲမှာ သွင်းဂိုး ၂ ဂိုးရခဲ့တဲ့ ဆာလာဟာ ပရီးမီးယားလိဂ်သမိုင်းမှာ ဂိုးသွင်း အများဆုံး တိုက်စစ်သမားစာရင်းရဲ့ နံပါတ် ၆ နေရာရောက်လာနေပါတယ်။
သူဟာ မကြာခင်မှာတော့ လီဗာပူးမှာ ဆက်နေမလား ဆော်ဒီကို ပြောင်းမလား ဆုံးဖြတ်ရတော့မှာဖြစ်ကာ အီဂျစ်သားဟာ ပရီးမီးယားလိဂ်က သူ့ရဲ့ ဂန္တဝင် သွင်းဂိုး မှတ်တမ်းတွေကို ဆွဲဆန့်လိုစိတ် ရှိနေမယ် မျှော်လင့်ရတာ ဖြစ်ပါတယ်။