

ထရန့်ရဲ့ ဒဏ်ရာဟာ မပြင်းထန်ပေမယ့် သူ့ကို ဖလားပွဲတွေမှာ အနားပေးပြီး မာဆေးဆိုဒ် ဒါဘီပွဲမှာ ပြန်သုံးနိုင်ကြောင်း သတင်းတက်နေပါတယ်။
လီဗာပူးအသင်းဟာ တေလာ မော်တန်အတွက် ပေါင် ၁၀ သန်းအထက် ရတဲ့ ကမ်းလှမ်းမှုမျိုး လိုချင်ခဲ့ပေမယ့် ဇန်နဝါရီမှာ အဲ့စျေးနဲ့ ကမ်းလှမ်းလိုတဲ့ကလပ် မရှိခဲ့ပါဘူး။
လူငယ် တိုက်စစ်မှူး ဂျေဒန်ဒန့်စ့်ဟာ ဆန်းဒါးလန်းကို ရာသီကုန်ထိ အငှားသွားကစားပြီဖြစ်ကာ သူ မထွက်ခွာခင် အသင်းနဲ့ စာချုပ်သစ် သက်တမ်းတိုးခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ဒီကရှေ့ ထရန့်ကို အလွတ်ဖြင့် ခေါ်ယူနိုင်ရေး အားထုတ်တော့မှာဖြစ်ကာ လီဗာပူးကလည်း စာချုပ်သစ်အတွက် အပြိုင် ညိနှိုင်းရပါတော့မယ်။
ဗြိတိန်အားကစားကလောင်ရှင်တွေက ဒီဇန်နဝါရီမှာ လူသစ် မခေါ်ယူဘဲ ရာသီကုန်ထိ သွားနိုင်မယ့် အသင်းထဲမှာ လီဗာပူးလည်း ပါဝင်ခဲ့ပြီး မာဆေးဆိုဒ်ကလပ်ဟာ အင်္ဂလန်ကလပ်တွေထဲမှာ အတောင့်တင်းဆုံး လူစာရင်းကို ပိုင်ဆိုင်ထားတယ်လို့ ဖော်ပြပါတယ်။
အပြောင်းအရွှေ့ဆိုင်ရာ သတင်းထောက်တွေကတော့ ဇန်နဝါရီမှာ လီဗာပူးအသင်း ငြိမ်သက်နေခြင်းဟာ များပြာစွာ လုပ်ဆောင်မယ့် နွေစျေးကွက်အတွက် အရှိန်ယူနေခြင်းဖြစ်ကြောင်း ဖော်ပြပါတယ်။ နွေစျေးကွက်မှာ လီဗာပူးအသင်းဟာ ကစားသမား အထွက်ကြမ်းပြီး အဝင်ကြမ်းလိမ့်မယ်လို့ သုံးသပ်နေကြပါတယ်။
နည်းပြအာနယ် ဆလော့ဟာ စီနီယာအသင်း လူစာရင်းမှာ ပါဝင်နိုင်မယ့် အကယ်ဒမီ ကြယ်ပွင့်အဖြစ် မက်ကော်နယ်ကို ရွေးချယ်ခဲ့ကာ အငှားမချဖို့ တားဆီးခဲ့ပါတယ်။
ဆဲလ်ဘတ်ကွင်းလယ်လူ ဘော်ဘီကလက်ဟာ လာမယ့်နွေမှာ အသင်းထပ်ပြောင်းဖွယ် ရှိနေပါတယ်။ လီဗာပူးအသင်းဟာ ဘော်ဘီကလက်ကို ပြန်လည် ခေါ်ယူခွင့်ရမယ့် ပထမဆုံးကလပ်ဖြစ်ပေမယ့် ဒီအခွင့်အရေးကို အသုံးချဖွယ် မရှိပါဘူး။