လာလီဂါဘက်မှာ လူရှာနေခြင်း၊ ဒါဝင်ကို ရောင်းဖွယ်ရှိနေသေးခြင်း၊ အငှားထွက်ပေမယ့် အက်ဆာမှာ ဆက်ရှိနေတဲ့ ဂျေဒန်ဒန့်စ်နဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

အဲဗာတန်နဲ့ မာဆေးဆိုဒ်ဒါဘီပွဲမှာ ထရန့် ဘောလုံး ပြန်ကစားနိုင်မှာ ဖြစ်ပါတယ်။

ကွင်းလယ်လူ မာကာက အသင်းဟာ အာနယ် ဆလော့လို နည်းပြမျိုးကို ရှာတွေ့ခဲ့မယ်လို့ သူ လုံးဝ မထင်ခဲ့ဘူးလို့ ပြောလာပါတယ်။ အသင်း အခုလို ဖလား စိန်ခေါ်နိုင်မယ့် လမ်းကြောင်းကို ရောက်လာရတာဟာ အာနယ် ဆလော့ ကြောင့်ပါလို့ ချီးကျူးခဲ့ပါတယ်။

လီဗာပူးကို ပြောင်းလာတာဟာ ရိုင်ယန် ဂရာဗင်ဘက်ချ်ဆိုတာကို ပြန်ပြီး ဖော်ဆောင်ပြသနိုင်ဖို့ဖြစ်တယ်လို့ ဂရာဗင်ဘက်ချ်က ပြောလာပါတယ်။ အဲ့အတွက်လည်း မာဆေးကို လီဗာပူးအကြောင်း မေးမြန်းခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ဒါဝင် နူးညက်စ်ကို ရေရှည်မှာ စိတ်ထိန်းသွားမှာ မဟုတ်ဘဲ ဆော်ဒီဘက်က ပေါင် သန်း ၇၀ ဝန်းကျင်ဖြင့် ကမ်းလှမ်းရင် လက်ခံစကား ပြောပေးမှာပါ။

လီဗာပူးအသင်းရဲ့ နွေရာသီ ဦးစားပေး ပစ်မှတ်ထဲမှာ ဘယ်အစွန်လူနေရာအပြင် တိုက်စစ်မှူး နေရာလည်း ပါဝင်နေပါတယ်။

နောက်ဆုံး ၃ ရာသီအတွင်း လီဗာပူးအသင်းရဲ့ အပြောင်းအရွှေ့ အသုံးစရိတ်ဟာ ချယ်ဆီးရဲ့ ၄ ပုံ ၁ ပုံပဲရှိသလို မန်စီးတီး၊ ယူနိုက်တက်၊ အာဆင်နယ်တို့ သုံးခဲ့တာရဲ့ ထက်ဝက်ခန့်ပဲ ရှိပါတယ်။

အာနယ် ဆလော့ဟာ ဘယ်အစွန်လူ နေရာအတွက် တိုက်စစ်လိုက်ပေးနိုင်စွမ်း မြင့်မားတဲ့ အရည်အချင်း အပြင် ဘောလုံးပိုင်ဆိုင်မှုတွေမှာ သက်သက်သာသာရှိပြီး ကစားကွက် တည်ဆောက်နိုင်စွမ်းရှိသူ ဖိအားပေးနိုင်စွမ်းရှိသူမျိုး လိုချင်နေပါတယ်။

လီဗာပူး ကင်းထောက်တွေဟာ ဘုန်းမောက်မှ မီလိုစ့်ကာ့ဇ်ကိုပဲ ထိပ်တန်းပစ်မှတ်အဖြစ် ချိန်ရွယ်ထားတာ မဟုတ်ဘဲ လာလီဂါဘက်မှာ ကင်းထောက်လွတ် လိုက်ရှာနေပါတယ်။

ဘုန်းမောက်ပွဲမှာ ဂက်ပိုရဲ့ ဖြစ်ရပ်ကို ပင်နယ်တီပေးတဲ့ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ဟာ ထူးချွန်လှတဲ့ ကိစ္စလို့ ဒိုင်လူကြီးဟောင်း Dermot Gallagher က ထောက်ခံပါတယ်။

ကနဦးမှာ ဂက်ပိုက သူ့ဘာသာ ခြေချိတ်လဲတာလို့ ထင်မိပေမယ့် အနှေးပြကွက်နဲ့မှပဲ ဘုန်းမောက်ကစားသမားက ဝင်တိုက်ခဲ့လို့ ခြေချိတ်ခဲ့ခြင်းဖြစ်ကာ ဒါကို ကွင်းလယ်ဒိုင်လူကြီး မြင်ခဲ့တာက အခုလို မှန်ကန်တဲ့ ဆုံးဖြတ်ချက် ထွက်လာစေတယ်လို့ သူက ဆိုပါတယ်။

ဂျေဒန်ဒန်စ့်ဟာ ဆန်းဒါးလန်းကို ရာသီကုန်ထိ အငှားထွက်ဖို့ သဘောတူခဲ့ပေမယ့် သူ့မှာ ဒဏ်ရာ ပြဿနာ ရှိနေတာမို့ လက်ရှိ လီဗာပူးမှာပဲ ရှိနေပါသေးတယ်။ သီတင်းပတ် အနည်းငယ် အကြာမှ ဆန်းဒါးလန်းအတွက် ကစားပေးနိုင်မှာပါ။