ဆာလာကို စိန်ခေါ်ခြင်း၊ Big 3 ထွက်ခွာနိုင်ချေအတွက် စဉ်းစားထားခြင်း၊ လူသစ် ခေါ်ယူမယ်လို့ အာနယ် ဆလော့ နှုတ်က ထုတ်ဖော်ခြင်းနဲ့ နံနက်ခင်း လီဗာပူးသတင်းတိုများ

ဒီကနေ့ည အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ကစားမယ့် လီဗာပူးနဲ့ စပါးတို့ရဲ့ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်မှာ အနိုင်ရခဲ့မယ့် အသင်းဟာ ဖိုင်နယ်မှာ နယူးကာဆယ်နဲ့တွေ့မှာဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ပထမအကျော့ကို ၁-၀ ဖြင့် ရှုံးနိမ့်ထားပြီး ဒီကနေ့ပွဲမှာလည်း တောင့်တင်းတဲ့ လူစာရင်းဖြင့် ထပ်မံ ပွဲထွက်ဖွယ် ရှိပါတယ်။

ဖလားတိုင်းကို စိန်ခေါ်နိုင်ရေးအတွက် နွေမှာ လီဗာပူးအသင်းဟာ လူသစ် ခေါ်ယူမှုတွေကို ပြုလုပ်သွားမယ်လို့ အာနယ် ဆလော့က ဘီဘီစီကို ထုတ်ပြောပါတယ်။

ထရန့်၊ မိုနဲ့ ဗန်ဒိုက်တို့ဟာ အခုချိ်န်ထိ လီဗာပူးအသင်းနဲ့ စာချုပ်သစ် မချုပ်ရသေးဘဲ ဖြစ်လာနိုင်တဲ့ ကိစ္စတွေအတွက် အဆင်သင့် ပြင်ဆင်ထားတယ်လို့ အာနယ် ဆလော့က ပြောပါတယ်။

စပါးအစွန်လူ စပန့်က ဒီညပွဲမှာ ဆာလာဖြစ်ဖြစ် ဘယ်သူနဲ့ပဲဖြစ်ဖြစ် သူရင်ဆိုင်ရမယ့် လီဗာပူးအသင်းသားကို အကောင်းဆုံး စွမ်းဆောင်ပြမယ်လို့ စိန်ခေါ်လိုက်ပါတယ်။

ခံစစ်မှူး ဂိုးမက်စ် လေ့ကျင့်ရေး ပြန်ဝင်နေပြီဖြစ်ကာ ဂျိုတာလည်း ပြန်သက်သာလာနေပြီဖြစ်ပါတယ်။

လီဗာပူးကစားသမားဟောင်းတွေကတော့ ဆာလာ၊ ဗန်ဒိုက်၊ ထရန့်တို့ ၃ ဦးထဲမှာ ပြန်အစားထိုးဖို့ မလွယ်ကူတဲ့ ကစားသမားအဖြစ် ဗန်ဒိုက်ကို ရွေးချယ်လာကြပါတယ်။

ဒီရာသီ လီဗာပူးအသင်းရဲ့ ကစားသမားတွေ ဒဏ်ရာ ပြဿနာ နည်းပါးလာမှုဟာ အာနယ် ဆလော့ရဲ့ နည်းပြအဖွဲ့ဝင်ဖြစ်သူ ဥရောပ ထိပ်တန်း ထရိန်နာတစ်ဦးဖြစ်တဲ့ ပီတာ့စ်ရဲ့ အားထုတ်မှုကြောင့် ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ဘက်ကတော့ ပြိုင်ဘက် အသင်းကို လှောင်ပြောင်ခြင်း ဒါမှမဟုတ် ဝေဖန်ပြစ်တင်တဲ့ အောင်ပွဲခံမှု ပြုလုပ်ရင် ပြစ်ဒဏ်ပေးရေး စဉ်းစားနေပါတယ်။

ဂန်းနားဟောင်းကြီး အီရန်ရိုက်စ်က လီဗာပူး အရန်လူစာရင်းဟာ အာဆင်နယ် အရန်လူစာရင်းထက် အများကြီး သာလွန်တယ်လို့ ထုတ်ပြောသွားပါတယ်။

ယိုရို အနေနဲ့ ယူနိုက်တက်မှာ သူ့ရဲ့ ကြိုးစားမှုကို ဆက်လုပ်နိုင်ရင် အနာဂတ်မှာ ဗန်ဒိုက်ရဲ့ အဆင့်အတန်းမျိုး ရောက်ရှိလာနိုင်တယ်လို့ ရီယို ဖာဒီနန်က ဆိုပါတယ်။