ဆာလာစာချုပ်ကိစ္စ လိုဗရန်ပြော၊ ၁၅ ရက်အတွင်း ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ် ၅ ပွဲ၊ ကလယ်ဟာကို ခေါ်လိုတဲ့ နယူးကာဆယ်နဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

ကာရာဘောင်းဖိုင်နယ်ပွဲအတွက် လီဗာပူးအသင်းဟာ လက်မှတ် ခွဲတမ်း ၃၁၉၃၉ စောင် ရရှိမှာဖြစ်ကာ မနှစ်တုန်းက ဖိုင်နယ်ထက်တော့ ၂၅၇ စောင် လျော့နည်းသွားပါတယ်။

အန်ဖီးကွင်းမှာတော့ ဗန်ဒိုက်နဲ့ မိုဆာလာတို့ရဲ့ ပိုစတာ အသစ်တွေကို တပ်ဆင်နေပါပြီ။

အက်ဖ်အေဖလားကနေ ထွက်ရခြင်းဟာ လက်ရှိ ကာလမှာတော့ ရှက်စရာ အရှုံးဖြစ်ကြောင်း ဝေဖန်နေကြပေမယ့် ရေရှည်အတွက်ကြည့်မယ်ဆိုရင် ပရီးမီးယားလိဂ်ပွဲစဉ်တွေကို အနားမရဘဲ ယှဉ်ပြိုင်ရမယ့် အခြေအနေကနေ သက်သာသွားပါတယ်။

အက်ဖ်အေဖလားကို အရန်လူစာရင်းဖြင့် ယှဉ်ပြိုင်ပြီး ပြိုင်ပွဲက ထွက်ခွာရတဲ့ လီဗာပူးကို ပြိုင်ပွဲအား တန်ဖိုးထားသင့်သလောက် တန်ဖိုးထား ယှဉ်ပြိုင်ခဲ့ခြင်း မရှိဘူးဆိုကာ အင်္ဂလန်မီဒီယာတွေက စိတ်ပျက်နေကြပါတယ်။

ပလိုင်းမောက်အသင်းဟာ အက်ဖ်အေဖလား နောက်တစ်ဆင့်မှာ မန်စီးတီးအသင်းနဲ့ ထိပ်တိုက်တွေ့ခဲ့ပြီ ဖြစ်ပါတယ်။

လီဗာပူးအသင်းရဲ့ လာမယ့် ပရီးမီးယားလိဂ် ၅ ပွဲကတော့ အဲဗာတန် (အဝေးကွင်း)၊ ဝုဗ် (အိမ်ကွင်း)၊ ဗီလာ (အဝေးကွင်း)၊ စီးတီး (အဝေးကွင်း)၊ နယူးကာဆယ် (အိမ်ကွင်း) တို့ပဲဖြစ်ပါတယ်။

အဆိုပါ ပရီးမီးယားလိဂ်ပွဲ ၅ ပွဲကို ၁၅ ရက်အတွင်း ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

လီဗာပူး ၁ ပွဲလောက်လေ ခြေစွမ်းမကောင်းတာကို ပြောမပြီးတော့ဘူး။ အဲ့လိုမျိုးကို ၂ လခွဲလောက် ရင်ဆိုင်နေရတယ်လို့ မင်းမြင်ကြည့်လိုက်ဆိုပြီး စပါးနည်းပြက သူ့အသင်းနဲ့ ပတ်သက်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ချယ်ဆီးတင် မကဘဲ နယူးကာဆယ်ကလည်း လီဗာပူး ဂိုးသမား ကလယ်ဟာကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

မိုဆာလာက သူ့ရဲ့ ကစားသမားဘဝကို လီဗာပူးမှာပဲ ကုန်ဆုံးလိုပြီး အသင်းမှာ ဆက်နေလိုပေမယ့် ကလပ်ဘက်က ထိုက်တန်တဲ့ လေးစားမှု မပြသဘူးလို့ လိုဗရန်က ပြောပါတယ်။

မိုဆာလာရဲ့ ကိုယ်စားလှယ်တွေက စာချုပ်သစ်ကို ၃ နှစ် သက်တမ်းလောက် ရလိုပေမယ့် လီဗာပူးဘက်က နှစ်ရှည် စာချုပ် မပေးလိုတာလို့လည်း အသံထွက်ထားပါတယ်။