

အာနယ် ဆလော့ကို ၂ ပွဲပယ်ထားပေမယ့် အဲ့ထက်ပိုတဲ့ ပြစ်ဒဏ်ပေးဖို့ အက်ဖ်အေဘက်က ဆုံးဖြတ်လာနိုင်ပါတယ်။ နယ်သာလန်သား နည်းပြဟာ ကွင်းလယ်ဒိုင် အိုလီဗာနဲ့ နှုတ်ဆက်ချိန်မှာ ထိုးနှက်တဲ့စကား (သို့) ဟောက်တဲ့စကား သုံးနှုန်းခဲ့တယ်လို့ သတင်းအချို့က ဖော်ပြပါတယ်။
နှုတ်ခမ်းဖတ် ကျွမ်းကျင်သူတွေကတော့ အာနယ် ဆလော့က great game ပွဲကောင်းတစ်ပွဲပါလို့ ပြောခဲ့တာဖြစ်ကာ ဒိုင်လူကြီးကို ထိုးနှက်တဲ့ စကားမျိုး ပြောခဲ့တာ မဟုတ်ဘူးလို့ ဆိုကြောင်း မာဆေးဆိုဒ် သတင်းတွေက ဆိုပါတယ်။
နည်းပြကိစ္စကို စစ်ဆေးနေဆဲဖြစ်ပေမယ့် ဂျုံး၊ အာနယ် ဆလော့နဲ့ လက်ထောက်နည်းပြတို့ဟာ ဝုဗ်ပွဲမှာ ပါဝင်ခွင့်ရမှာ မဟုတ်ပါဘူး။
အဲဗာတန်ရဲ့ နောက်ကျ ခြေပဂိုးဟာ အီဘူးကို ပြိုင်ဘက်ကစားသမားက တွန်းထိုးထားတဲ့ အခြေအနေဖြစ်လို့ ဂိုးမပေးသင့်ပေမယ့် VAR ကြည့်ပြီးတောင် ပြန်ပေးခဲ့တာ အံ့ဩစရာအဖြစ် ထင်မြင်ချက်တွေ ထွက်နေပါတယ်။
ခံစစ်မှူး ဂိုးမက်စ်ရဲ့ ဒဏ်ရာဟာ မျှော်လင့်ထားတာထက် ပြင်းထန်နေတာကြောင့် လိုအပ်လာရင် ခွဲစိတ်မှု ခံယူရမှာဖြစ်ပါတယ်။ ခံစစ်မှူးဟာ ဒီရာသီ ဘောလုံး ပြန်ကစားနိုင်ဖွယ် မရှိပါဘူး။
ဆော်ဒီဘက်က ဘောလုံးကျွမ်းကျင်သူ အချို့ကတော့ လီဗာပူးမှာပဲ ဆာလာ ဆက်နေလိမ့်မယ်လို့ ဖော်ပြလာနေပါတယ်။
သူရဲ့ အနာဂတ် မရှင်းလင်းသေးပေမယ့် လီဗာပူးမှာ ရာသီကုန်ထိ ဆက်ကစားဖို့ပဲ အာရုံစိုက်နေကြောင်းနဲ့ အခြားအသင်းတွေနဲ့ ချိတ်ဆက်ခြင်း မရှိဘူးလို့ အီဘူးက ပြောပါတယ်။
လီဗာပူးအသင်းသားတွေဟာ အဲဗာတန်ပွဲမှာ ပိုကောင်းကောင်း ကစားနိုင်ခဲ့သင့်တယ်လို့ ဗန်ဒိုက်က ဝန်ခံပါတယ်။ အသင်းဟာ လာမယ့်ပွဲတွေမှာ စွမ်းဆောင်ရည်ကောင်း ပြသနိုင်ရမယ်လို့ သူက တိုက်တွန်းပါတယ်။
ဖီယင်နု ညာအစွန်လူ Givairo Read ကို မန်စီးတီးလား ယူနိုက်တက်လားလို့ မေးခွန်းထုတ်ရာမှာ လီဗာပူးကလွဲလို့ အခြားအသင်း မရှိဘူးလို့ တုန့်ပြန်ခဲ့ပါတယ်။