

အဲဗာတန်ပွဲအပြီး မသင့်လျော်တဲ့ အပြုအမှု ပြုလုပ်ခဲ့ခြင်းကြောင့် နည်းပြ အာနယ် ဆလော့ကို ပွဲပယ်မယ့် ကိစ္စဟာ အတည်ဖြစ်ခဲ့ပါပြီ။
လီဗာပူးပရိသတ်တွေကို စော်ကားခြင်းကြောင့် ကာတစ်ဂျုံး ရှေ့ထွက်လာခြင်းအပေါ် သူနည်းလည်ပေမယ့် အခြားသော ရင်ဆိုင်စရာ နည်းလမ်းတွေရှိကြောင်းကို ကစားသမားနဲ့ စကားပြောမယ်လို့ နည်းပြ အာနယ် ဆလော့က ဆိုပါတယ်။
ဒါ့အပြင် သူကိုယ်တိုင်ဟာလည်း ပွဲအပြီးမှာ မတူညီတဲ့ အပြုအမှုမျိုးဖြင့် ချဉ်းကပ်သင့်ကြောင်းကို ဝန်ခံခဲ့ပြီး ပြင်းထန်တဲ့ ခံစားချက်တွေဟာ အမှားတွေဖြစ်စေခဲ့ကြောင်း နည်းပြက ပြောပါတယ်။
တိုက်စစ်မှူး ဂက်ပိုဟာ အဲဗာတန်ပွဲမှာ ထိခိုက်မိတဲ့ ဒဏ်ရာကြောင့် ဝုဗ်ပွဲကို ပါဝင်နိုင်ဖို့ မသေချာပါဘူး။
ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းဟာ လီဗာပူး ခံစစ်မှူး ကိုနတေးကို ဒီနွေစျေးကွက်မှာ ချိတ်ဆက်ဖွယ် ရှိပါတယ်။ ပဲရစ်ဖွား ပီအက်စ်ဂျီပရိသတ်တစ်ဦးဖြစ်တဲ့ ကိုနတေးကတော့ သူ့အနာဂတ်ကို ဆုံးဖြတ်ဖို့ရာ ဆာလာ၊ ဗန်ဒိုက်၊ ထရန့်တို့ရဲ့ စာချုပ်ကိစ္စကို စောင့်ဆိုင်းရဖွယ် ရှိပါတယ်။
ဆာလာရဲ့အေးဂျင့် Ramy Abbas Issa က နည်းပြအာနယ် ဆလော့ဟာ သူ့အလုပ်မှာ ထူးချွန်သူလို့ ဖော်ထုတ်သွားခဲ့တာမို့ အီဂျစ်သားဟာ အာနယ် ဆလော့နဲ့အတူ လက်တွဲ အလုပ်လုပ်ရတာကို ကျေနပ်ဟန် တူပါတယ်။
ဒါဝင်ရဲ့ ကိုယ်စားလှယ်တွေဟာ ဆော်ဒီလိဂ်ထံ ပြောင်းဖို့ကို စိတ်ဝင်စား လမ်းဖွင့်ခဲ့ပေမယ့် လီဗာပူးဘက်က တရားဝင် ကမ်းလှမ်းမှုတွေကို လက်ခံဖို့ ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။
အာနယ် ဆလော့အတွက် တည်ငြိမ်တဲ့ လူစာရင်းကို ထိန်းထားပေးဖို့နဲ့ စျေးကွက်မှာ တိုက်စစ်မှူးသစ် ပြန်ရဖို့ မလွယ်ကူခြင်းတွေကြောင့် ဒါဝင်အတွက် ယူရို ၇၅ သန်း ဝန်းကျင်ဖြင့် ချိတ်ဆက်ခံရခြင်းကို ငြင်းဆန်ခဲ့တာပါ။
နယူးကာဆယ်အသင်း တိုက်စစ်မှူး အီဆက်ကို လီဗာပူးဘက်က ချိတ်ဆက်မှု ပြုလုပ်နေကြောင်း သတင်းအချို့ ထွက်ပေါ်နေပါတယ်။
လီဗာပူးအသင်းဟာ ပီအက်စ်ဂျီအသင်းမှ လူငယ်ကြယ်ပွင့် ဝါရန်ကို ခေါ်ယူဖို့ အလေးအနက် စိတ်ဝင်စားလာနေပါတယ်။